HIGHLIGHT CLIPS

ကိုကျား တစ်ကယ်အားကိုးရမယ့် Country အဆိုရှင် ရဲနိုင်ထူး

6 Mar 2018

1,435 Views

Blind Audition ရဲ့ တတိယအပတ်မှာ ပရိသတ်တွေ သတိထားမိခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ဦးကတော့ ကျားပေါက်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့တဲ့ မန္တလေးက “ရဲနိုင်ထူး” ပါ။
ခေတ်လူငယ်တစ်ယောက်အနေနဲ့ တစ်ကယ့်ကို Oldies စာရင်းဝင်နေတဲ့ Country Music “Green Green Grass of Home” လိုသီချင်းကို ကန်းထရီးစတိုင် အသံသြကြီးနဲ့ ပီပီသသကြီး သီဆိုသွားနိုင်ခဲ့လို့ နည်းပြတွေရော ပရိသတ်တွေကပါ အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။

နောက်ထပ်ထူးခြားတာကတော့ ဆေးတက္ကသိုလ်က ဘွဲ့ရထားပေမယ့် ဆရာဝန်တစ်ဦးအဖြစ် အသက်မမွေးပဲ မိဘရဲ့ လက်ငုတ်လက်ရင်း စီပွားရေးကို ဝင်ရောက် ဦးဆောင်နေတဲ့သူလဲ ဖြစ်ပါတယ်။

အသံပါရမီ၊ ပညာပါရမီတို့နဲ့ ပြည့်စုံနေတဲ့ “ရဲနိုင်ထူး” တစ်ယောက် ဘဝမှာ သူတစ်ကယ် ဘာဖြစ်ချင်တာလဲ..?
The Voice Myanmar ကိုရော ဘယ်လိုရည်ရွယ်ချက်တွေနဲ့ လာရောက်ယှဉ်ပြိုင်ခဲ့လဲဆိုတာကို ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်မှာ အချိန်အကန့်အသတ်ကြောင့် ပြသမသွားခဲ့တဲ့ မေးမြန်ခန်း အပြည့်အစုံကို ဖော်ပြပေးလိုက်ပါတယ်။

HIGHLIGHT CLIPS