HIGHLIGHT CLIPS

ရန်ရန်ချန်းနဲ့အပြိုင် အခြားနည်းပြတစ်ယောက်ရှိနေသေးတဲ့ “စိုင်းN”

7 Mar 2018

1,353 Views

သီချင်းရဲ့ ပထမတစ်ပိုဒ် စဆိုလိုက်ကတည်းက နည်းပြတစ်ယောက်ဖြစ်တဲ့ “နီနီခင်ဇော်” ကိုယ်တိုင် “ဝိုး..!” လို့ အသံထွက်ပြီး အသိမှတ်ပြုခံလိုက်ရတာကတော့ “စိုင်းN” ပဲဖြစ်ပါတယ်။

ကိုယ်တိုင်က ဝါသနာပါပြီး သီချင်းဆိုပြိုင်ခဲ့ဖူးတဲ့ “စိုင်းN” က The Voice Myanmar အစီစဉ်ကို အွန်လိုင်းမှာ တွေ့ခဲ့ပြီးနောက် သမီးဖြစ်သူရဲ့ အားပေး တိုက်တွန်းမှုနဲ့အတူ လာရောက်ယှဉ်ပြိုင်ခဲ့သူပါ။

ဇနီးဖြစ်သူနဲ့ သမီးလေးတို့က သူ့ရဲ့ကမ္ဘာငယ်လေးဖြစ်ပြီး သူတို့နှစ်ဦးစလုံးအတွက် ဂုဏ်ယူရတဲ့သူတစ်ယောက်ဖြစ်ဖို့က “စိုင်းN” ရဲ့ အဓိကမျှော်လင့်ချက်ပဲဖြစ်ပါတယ်။
တစ်ကယ်တော့ သူ့ရဲ့နောက်ကွယ်မှာ သူ့ရဲ့သီဆိုဟန်တွေ၊ သီချင်းရွေးချယ်ပုံတွေကို နည်းပြတစ်ဦးသဖွယ် အကြံပေးနေခဲ့တဲ့သူ တစ်ဦးရှိနေပါတယ်။

Blind Audition မှာတော့ “ရန်ရန်ချန်း” က အစောကြီးထဲက ခလုပ်နှိပ်ရွေးချယ်ချင်နေပေမယ့် အခြားနည်းပြတွေရဲ့ အရိပ်အကဲကို မသိမသာလေး အကဲခတ်ပြီး သီချင်းဆုံးတဲ့ အချိန်ကျမှ ခလုပ်ကို “ဇတ်ကနဲ” နှိပ်ရင်း အောင်နိုင်သူအပြုံးနဲ့ တစ်ဖက်ကို လှည့်သွားချိန်မှာ အခြားနည်းပြတွေတောင် အံ့သြသွားခဲ့ပါတယ်။ ပြိုင်ဘက်မရှိ “စိုင်းN” ကို ရလိုက်ပြီလေ..။

“စိုင်းN” ရဲ့ မိသားစုဘဝနဲ့ သူ့ကိုနောက်ကွယ်ကနေ တစ်ချိန်လုံး နည်းပေးလမ်းပြလုပ်နေတာ ဘယ်သူဖြစ်တယ်ဆိုတာကို အင်တာဗျူးလေးမှာ ကြည့်ရှုရင်း “စိုင်းN” ကို အားပေးကြပါဦး။

HIGHLIGHT CLIPS