HIGHLIGHT CLIPS

ဇော်ရဲနိုင်အတွက် Winner ဆုထက် ပိုပြီးအရေးကြီးတဲ့အရာက..?

9 Mar 2018

1,386 Views

The Voice Myanmar ကို ရောက်လာကြတဲ့ ပြိုင်ပွဲဝင်အချို့မှာ Winner ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုထဲကြောင့် သက်သက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာမဟုတ်ပါဘူး၊ ဒီထက်မကတဲ့ မျှော်လင့်ချက် ရည်ရွယ်ချက်တွေလည်း ရှိနေပါသေးတယ်။

အနုပညာအလုပ်ဆိုတာ တစ်ခြားအလုပ်တွေလို ကြိုးစားတိုင်းလည်း မဖြစ်တတ်တာမို့ ဖခင်ဖြစ်သူက သားတစ်ယောက်အပေါ် မိဘမေတ္တာအပြည့်နဲ့ ဇော်ရဲနိုင် ဝါသနာပါရာ ဂီတလမ်းခရီးကို အားမပေးတာကြောင့် ဝါသနာနဲ့ ဖခင်ရဲ့ဆန္ဒကြားမှာ ထိန်းညှိနေခဲ့ရပါတယ်။

မိမိကိုယ်ကို ယုံကြည်တဲ့ စိတ်တစ်ခုကိုသာ အားကိုးပြီး The Voice Myanmar Blind Audition စင်မြင့်ထက်ကို “ဇော်ရဲနိုင်” တစ်ယောက် အရောက်လာခဲ့ခြင်းဖြစ်ပါတယ်။

သူ့ရဲ့ရင်ထဲမှာတော့ Winner ဆိုတဲ့ အမြင့်ဆုံး ဆုထက် ဖခင်ဖြစ်သူရဲ့ ယုံကြည်လာမှု အားပေးလာမှုတွေကိုသာ နက်နက်ရှိုင်းရှိုင်း တောင့်တနေတယ်ဆိုတာ သူ့ရဲ့ အင်တာဗျူး ပြောစကားတွေမှာ ပေါ်လွင်နေစေပါတယ်။
နီနီခင်ဇော်ရဲ့ အဖွဲ့သားတစ်ဦးအဖြစ် Battle Round ကို ခရီးဆက်ရမယ့် “ဇော်ရဲနိုင်” ကို အားပေးဝန်းရံကြပါဦးနော်..။
 

HIGHLIGHT CLIPS