HIGHLIGHT CLIPS

အသည်းကွဲဒဏ်ရာကို ဂီတနဲ့ ကုစားခဲ့ဖူးတဲ့ Jason Ace

10 Mar 2018

1,383 Views

Blind Audition တတိယအပတ်မှာ နည်းပြတွေအားလုံး အံ့မခမ်းဖြစ်ခဲ့ရသူ နောက်တစ်ဦးကတော့ Jason Ace ဖြစ်ပါတယ်။ အသည်းကွဲတာကို ဂီတနဲ့ ကုစားရင်းကနေ မြုတ်ကွယ်နေတဲ့ သူ့ ရဲ့ ပါရမီကို အမှတ်မထင် ရှာဖွေတွေ့ ရှိခဲ့တယ်လို့ လည်း ပြောလို့ ရနိုင်ပါတယ်။

Facebook ပေါ်မှာ သူနှစ်သက်တဲ့ အဆိုတော်ကြီးတွေရဲ့  သီချင်းလေးတွေကို ဗားရှင်းပြောင်း ကာဗာပြန်ဆိုရင်းကနေ အားပေးကြတဲ့ အွန်လိုင်းပရိသတ် ရှိထားသူလည်းဖြစ်ပါတယ်။ သူ့ ရဲ့ အွန်လိုင်း ပရိသတ်တွေထဲမှာ သီချင်းဆိုအရမ်းပါးနပ်ပြီး ဘယ်ညာ အနိမ့်အမြင့် အသံအားလုံးကို လှလှပပသီဆိုနိုင်တဲ့ The X Factor Myanmar Season 1 က ပြိုင်ပွဲဝင်တစ်ဦးလည်း အပါအဝင်ဖြစ်ပါတယ်။

အနုပညာသည်အချင်းချင်း နေရာတစ်ခုကို ရောက်စေချင်တဲ့ စေတနာနဲ့  တိုက်တွန်းခဲ့တာကြောင့် Jason Ace က နိုင်ငံရပ်ခြားမှာ ကျောင်းတက်နေရင်းက The Voice Myanmar ကို လာရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ Jason Ace ကို အွန်းလိုင်းပေါ်ကနေ အားပေးတိုက်တွန်းတဲ့ The X Factor Myanmar က ဆယ်လီကြီးက ဘယ်သူများ ဖြစ်မလဲဆိုတာ အင်တာဗျူးမှာ ဆက်လက်အားပေးကြပါဦး..။

HIGHLIGHT CLIPS