HIGHLIGHT CLIPS

ဝေဝေလှိုင်းဦးရဲ့ “မိုးခါးရေ” တစ်ပေါက် ဘယ်သူသောက်မိခဲ့လဲ..?

10 Mar 2018

2,240 Views

ရန်ကုန်မြို့ က လာရောက်ယှဉ်ပြိုင်တဲ့ “ဝေဝေလှိုင်ဦး” ကတော့ သီချင်းဆိုတဲ့ အလုပ်နဲ့ ပရဟိတအလုပ်လေးတွေကို တစိုက်မတ်မတ် လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

သိတတ်တဲ့အရွယ်ထဲကစပြီး သီချင်းအခွေတွေ နားထောင်၊ လိုက်ဆိုရာကနေ တစ်ဖြည်းဖြည်း ဂီတကိုခုံမင်မြတ်နိုးလာခဲ့ပါတယ်။ ဖခင်က ကျန်းမာရေးမကောင်းပေမယ့် သမီးဖြစ်သူရဲ့  ဝါသနာကို အားပေးရင်း တစ်ဖက်ကလည်း အိမ်အတွက် ဝင်ငွေရှာပေးနေသူဖြစ်တာကြောင့် “ဝေဝေလှိုင်ဦး” က အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် မိဘကိုပြန်လည် ကျေးဇူးဆပ်ချင်တဲ့ ဆန္ဒကို သူမရဲ့ အင်တာဗျူးမှာ မြင်နေရပါတယ်။

“မိုးခါးရေ” သီချင်းနဲ့  ကျားပေါက်ကို လှည့်ကြည့်လာအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ “ဝေဝေလှိုင်ဦး” ရဲ့  ကြိုးစားမှုကို ပရိသတ်တွေ Battle Round မှာ ထပ်မံမြင့်တွေ့ ရဦးမှာဖြစ်ပါတယ်။

 

HIGHLIGHT CLIPS