HIGHLIGHT CLIPS

ကမ္ဘာကျော်မယ့် အိမ်မက်ပိုင်ရှင်ကောင်မလေး “Priscilla Htike”

11 Mar 2018

1,385 Views

Blind Audition တတိယပိုင်း ယှဉ်ပြိုင်သူတွေထဲမှာ ဘောင်းဘီရှည်အနီရောင်လေးနဲ့ ကောင်မလေးက ပရိသတ်တွေရဲ့ အသည်းစွဲ ဖြစ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

အဲဒီနေ့က ပြိုင်ပွဲဝင်တွေထဲမှာ အသက်အငယ်ဆုံးလည်းဖြစ်ပြီး သီဆိုယှဉ်ပြိုင်နေစဉ် နည်းပြဖြစ်တဲ့ နီနီခင်ဇော်က “အဲ့ဒီနေရာမှာ ရပ်က်ပင်လေးတွေထည့်ရင် ကောင်းမယ်” လို့  ပြောမဆုံးခင်မှာ နည်းပြလေးဦးရဲ့ နာမည်တွေပါတဲ့ ရက်ပ်စာသားတွေ ဆိုပြခဲ့တာကြောင့် နည်းပြတွေအားလုံး အံ့သြခဲ့ရသူကတော့ “Priscilla Htike” ပါ။

အသက်ကသာ ငယ်ပေမယ့် သူမရဲ့မျှော်လင့်ချက် အိမ်မက်ကတော့ အကြီးကြီးဖြစ်ပါတယ်။ တောင်ကြီးမြို့ကနေ The Voice Myanmar ကို လာရောက်ယှဉ်ပြိုင်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံကျော်တင်မကပဲ ကမ္ဘာကျော်တဲ့ အဆိုတော်တစ်ယောက် ဖြစ်ချင်လို့ပါလို့ ပြောကြားခဲ့ပါတယ်။

ကမ္ဘာကျော်တစ်ယောက်ဖြစ်လာဖို့ “Priscilla Htike” ဘာတွေ ပြင်ဆင်ထားလဲဆိုတာ အင်တာဗျူးမှာ ကြည့်ရှုရင်း Battle Round ကို ရန်ရန်ချန်းရဲ့ လမ်းညွှန်ပြသမှုတွေနဲ့ ဘယ်လိုဆက်လက် ယှဉ်ပြိုင်သွားမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
 

HIGHLIGHT CLIPS