HIGHLIGHT CLIPS

နိုင်ငံတော်သီချင်းကို အခြားသူတွေနဲ့ မတူအောင်ဆိုတဲ့ ဂျဝါအောင်မွန်း

12 Mar 2018

2,286 Views

Blind Audition ကိုယှဉ်ပြိုင်ဖို့ စင်မြင့်ပေါ်တက်လာရုံပဲရှိသေးတယ် ပရိသတ်တွေရဲ့ အားပေးသံတွေကို ရရှိခဲ့သူကတော့ “ဂျဝါအောင်မွန်း” ပါ။ အခြားသီချင်းဆိုပြိုင်ပွဲတစ်ခုမှာ Top 3 နေရာထိ ယူလာနိုင်ခဲ့တဲ့ ဂျဝါက အတွေ့အကြုံကောင်းတွေ ရှိနှင့်ပြီးသားဖြစ်ပါတယ်။

အသံပါဝါအားကောင်းကောင်းနဲ့ High Pitch တွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တယ်ဆိုတာကတော့ အဆိုပြိုင်ပွဲတွေကို အားပေးကြတဲ့ ပရိသတ်အတော်များများ သတိထားမိပြီးသား ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် ပရိသတ်မသိသေးတဲ့ ဂျဝါရဲ့ ငယ်ဘဝဖြတ်သန်းမှု၊ ကိုယ်ဝါသနာပါတဲ့ အဆိုပိုင်းကို ကျောင်းမှာ အိမ်မှာ ဘယ်လိုပုံစံမျိုး တွေလေ့ကျင့်ခဲ့ရတယ်ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပြန်ပါတယ်။

ဒါ့အပြင် ဘယ်သူကိုမှ ပြောမပြပဲ တိတ်တိတ်လေး သိမ်းထားခဲ့တဲ့ အိမ်မက်တစ်ခုကလည်း ရှိနေပြန်ပါသေးတယ်။

ရိုးသားပွင့်လင်းစွာနဲ့ အရှိကိုအရှိအတိုင်း ပြောပြထားပြီး တီဗီဖန်သားပြင်ပေါ်မှာ အချိန်အခက်အခဲကြောင့် ချန်လှပ်ထားခဲ့ရတဲ့ “ဂျဝါအောင်မွန်း” ရဲ့ အင်တာဗျူးပုံရိပ် အပြည့်အစုံကို အားပေးကြပါဦး။
 

HIGHLIGHT CLIPS