HIGHLIGHT CLIPS

တောင်ပေါ်သူလေး “စီစီ”ရဲ့ အလိုချင်ဆုံး တောင်းတတဲ့ဆု

13 Mar 2018

1,388 Views

Blind Audition စတုတ္ထအပတ်မှာ ယှဉ်ပြိုင်သီဆိုသွားခဲ့တဲ့ သီချင်းလေးထဲကအတိုင်း တောင်ပေါ်မြို့ ချင်းတောင်တန်းတွေဆီကနေ The Voice Myanmar ပြုလုပ်ရာ ရန်ကုန်မြို့ထိ အရောက်လာခဲ့သူက “စီစီ” ဖြစ်ပါတယ်။

ကိုယ့်ရဲ့ဝါသနာကတစ်ဖက်၊ အဲဒီဝါသနာကို အားမပေးတဲ့ မိဘအသိုင်းဝိုင်းက တစ်ဖက်နဲ့မို့ “စီစီ” လျှောက်လှမ်းနေရတဲ့ အနုပညာခရီးက မွန်းကြပ်လွန်းလှပါတယ်။ မိဘနဲ့ မောင်နှမတွေဆီက ကိုယ်မျှော်လင့်ထားသလို အားပေးမှုတွေ မရခဲ့ပေမယ့် သူမက အရှုံးပေးတဲ့စိတ်နဲ့ ဝါသနာကို မစွန့်လွှတ်ခဲ့ပဲ သက်သေပြနိုင်မယ့် အချိန်ကောင်းတစ်ခုကိုသာ စောင့်ဆိုင်းနေခဲ့ပါတယ်။

The Voice Myanmar ပြိုင်ပွဲကြီးကပေးမယ့် Winner ဆုထက် သူမရင်ထဲမှာ အဆမတန်အရေးကြီးတဲ့ မျှော်လင့်ချက် တစ်ခုကသာ ဒီပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ တွန်းပို့ခဲ့တာဖြစ်တယ်ဆိုတာ အင်တာဗျူး ဖြေကြားမှုတွေကတစ်ဆင့် ကူးစက်ခံစားလိုက်မိပါတယ်။

“စီစီ” ရဲ့ လိုချင်အတောင့်တဆုံး မျှော်လင့်ချက်က ဘာဖြစ်မလဲဆိုတာ သူမရဲ့ အင်တာဗျူးမှာ ဆက်လက် ကြည့်ရှုပါ။ “စီစီ”ရဲ့ မျှော်လင့်တောင့်တမှုတွေအားလုံးလည်း အမြန်ဆုံးပြည့်စုံနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

 

HIGHLIGHT CLIPS