HIGHLIGHT CLIPS

အနုပညာစိတ်ခွန်အားနဲ့ ရုန်းထွက်လာနိုင်ခဲ့သူ “သက်ထားစု”

15 Mar 2018

1,358 Views

“သက်ထားစု” တစ်ယောက် ငယ်ငယ်ထဲက သီချင်းဆိုရတာကို ရူးသွပ်ခဲ့တာကြောင့် မိခင်လုပ်သူက ပညာရေးကို ထိခိုက်လာမှာစိုးရိမ်ပြီး မိခင်မေတ္တာနဲ့ တားမြစ်ခြင်းခံခဲ့ရပါတယ်။ ကျန်းမာရေးအခြေအနေတစ်ခုကြောင့် အိပ်ယာထဲမှာ ဘုန်းဘုန်းလဲတဲ့ အချိန်မှာတော့ သမီးငယ်ရဲ့ အဖြစ်ချင်ဆုံးဆန္ဒတစ်ခုကသာ ကယ်တင်နိုင်လိမ့်မယ်ဆိုတာ မိခင်ဖြစ်သူ ယုံကြည်လိုက်ပါတယ်။

ဒါကြောင့် ကျန်းမာရေးပြန်ကောင်းလာရင် သီချင်းတွေဆိုခွင့်ပေးမယ်၊ ပြိုင်ပွဲတွေဝင်ခွင့်ပေးမယ်လို့ မိခင်က ကတိပေးခွင့်ပြုလိုက်ရပါတယ်။
စိတ်ခံစားမှုဆိုတာ ဆန်းကြယ်ပါတယ်၊ လှောင်ချိုင့်ထဲက ငှက်ကလေးတစ်ကောင် လွပ်လပ်ခွင့်ရတော့မယ်ဆိုတဲ့ စိတ်မျိုးနဲ့အတူ ပြန်လည်ကျန်းမာလာပြီး The Voice Myanmar ရဲ့ စင်မြင့်ထက်မှာ ပြိုင်ပွဲဝင်တစ်ယောက်အဖြစ်ရပ်တည်လာနိုင်ခဲ့ပါတယ်။

“သက်ထားစု” ကျန်းမာရေးမကောင်းတဲ့အချိန်တွေနဲ့ ငယ်ငယ်က သီချင်းဆိုတာကို ဘယ်လောက်ထိ ရူးသွပ်ခဲ့တယ်ဆိုတာ အင်တာဗျူးဗီဒီယိုလေးမှာ ဆက်လက်ကြည့်ရှုပေးပါဦး။
 

HIGHLIGHT CLIPS