HIGHLIGHT CLIPS

The Voice Myanmar ပြိုင်ပွဲဝင်တွေကို ဘယ်လိုမဲပေးရမလဲ..?

27 Apr 2018

1,445 Views

အခုတစ်ပတ်ကစတင်ပြီး The Voice Myanmar က ပြိုင်ပွဲဝင်တွေအားလုံးကို ပရိသတ်တွေရဲ့ လက်ထဲကို အပ်နှံလိုက်ပါပြီ။
WINNER တစ်ယောက် ဖြစ်လာဖို့က ပရိသတ်တွေရဲ့ အဆုံးအဖြတ်သာဖြစ်လို့ ပြိုင်ပွဲဝင်တွေ၊ နည်းပြတွေနဲ့အတူ တစ်နိုင်ငံလုံးက ကြည့်ရှုအားပေးနေကြတဲ့ ပရိသတ်တွေကိုယ်တိုင်ပါ အတူတူရင်ခုန်ကြရတော့မှာဖြစ်ပါတယ်။

ဒီတော့ ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင်က The Voice Myanmar Season 1 ရဲ့ WINNER ဖြစ်လာနိုင်ဖို့ မဲပေး(Vote) ရမယ့် ပုံစံကို သေချာစွာ သိရှိနားလည်အောင် ဖော်ပြပေးလိုက်ရပါတယ်။

The Voice Myanmar ရဲ့ Vote System ကို ဆက်သွယ်ရေးဝန်ဆောင်မှု MPT ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ပေးသွားမှာ ဖြစ်လို့ MPT SIM card သုံးစွဲသူများအနေနဲ့ လွယ်ကူလျှင်မြန်စွာဖြင့် ကိုယ်နှစ်သက်သဘောကျတဲ့ ပြိုင်ပွဲဝင်ကို မဲပေးနိုင်ပါတယ်။

မဲပေးမှုပုံစံအသေးစိတ်ကို မဖော်ပြမီ ထပ်မံ၍ ရှင်းလင်းအောင် အသိပေးပါရစေ..
MPT SIM card ထည့် အသုံးပြုနေသော လက်ကိုင်မိုဘိုင်းဖုန်း တစ်ခုထဲမှသာ မဲပေးနိုင်ပါသည်။
ကွန်ပျူတာဖြင့် အွန်လိုင်းအသုံးပြုပြီး မဲပေးနိုင်မည် မဟုတ်ပါ။


Voting မဲပေးရန်

၁။ MPT SIM သုံးနေသော လက်ကိုင်ဖုန်းကို MPT 3G/4G ကွန်ယက်(အင်တာနက်) ဖွင့်ပြီး http://thevoice.mptvote.com/ သို့ ဝင်ရောက်ပါ။
(ယခုကဲ့သို့ဝင်ရောက်သည့်အတွင် ဒေတာဝန်ဆောင်မှု အခမဲ့ဖြစ်ပါတယ်)

၂။ မဲပေးသူများအတွက် သိရှိနားလည်ရမည့် အချက်များ (Terms & Conditions) ကို “Accept” နှိပ်ပြီး လက်ခံလိုက်ပါ။


၃။ Menu Page ကို အောက်ပါပုံအတိုင်း မြင်တွေ့ရပါလိမ့်မယ်။


ဒီနေရာမှာ မဲပေးနိုင်သည့် စနစ်နှစ်မျိုးကို ဦးစွာပထမ ရှင်းပြပေးချင်ပါတယ်။

1. “PAYG” (Pay As You Go) နဲ့
2. “Package Vote” တို့ ဖြစ်ပါတယ်။



PAYG (Pay As You Go)

ကို အသုံးပြုပြီး မဲပေးမည်ဆိုပါက LIVE Episode တစ်ခုလုံးမှာ (၃)ကြိမ်သာ မဲပေးနိုင်ပြီး တစ်ကြိမ်မှာ (၁)မဲသာ ပေးနိုင်မည်ဖြစ်သည်။

PYAG စနစ်နဲ့ မဲပေးမည်ဆိုပါက “အွန်လိုင်းမှမဲပေးရန်” ကိုနှိပ်ပြီး နှစ်သက်ရာ ပြိုင်ပွဲဝင်ရဲ့ ဘေးရှိ “1 Vote” ကို နှိပ်ကာ မဲပေးနိုင်ပါတယ်။

 


Package Vote

ကို အသုံးပြုမည်ဆိုပါက (၅ မဲ၊ ၁၀ မဲ၊ ၂၀ မဲ) ဆိုပြီး Package အမျိုးအစား ၃ ခုရှိပါတယ်။
Package Vote အသုံးပြုသူအတွက် မဲပေးမှု ကန့်သတ်ထားခြင်းမရှိပါ။

Package Vote စနစ်နဲ့ မဲပေးမည်ဆိုပါက “Voting Pack ဝယ်ရန်” ကိုနှိပ်ပါ။


မိမိဝယ်ယူလိုသော Package ၏ ဘေးရှိ “Buy” ကိုနှိပ်ပါ။


ဝယ်ယူရန်သေချာပါက “အိုကေ” ကို နှိပ်ပါ။ Vote ဝယ်ပြီးသား ဖြစ်သွားပါပြီ။


Menu သို့ပြန်သွားပြီး က “အွန်လိုင်းမှမဲပေးရန်” ကိုနှိပ်ပြီး နှစ်သက်ရာ ပြိုင်ပွဲဝင်ရဲ့ ဘေးရှိ နှစ်သက်ရာ Vote အရေအတွက်ကို နှိပ်ပြီး မဲပေးနိုင်ပါတယ်။


 

 

**သတိပြုရန်**

LIVE Show မှာ Team တစ်ခုမှ ပြိုင်ပွဲဝင်တစ်ဦးက စတင်သီဆိုနေသည်နှင့် တစ်ပြိုင်နက် Voting Line များကို ဖွင့်ထားမှာဖြစ်ပြီး Team တူသော ပြိုင်ပွဲဝင် သုံးဦးကို မဲစတင်ပေးနိုင်ပါပြီ။ သူတို့ ၃ ဦးစလုံးသီဆိုယှဉ်ပြိုင်မှု သီချင်း ၃ ပုဒ်အပြီးမှာ Voting Line ကို ပိတ်မှာဖြစ်ပြီး ဒီပြိုင်ပွဲဝင် ၃ ဦးကို လက်ရှိပြသနေသော Episode အတွက် ထပ်မံ မဲပေးခွင့် ရတော့မှာ မဟုတ်ပါဘူး။

ဒါကြောင့်မို့ Voting Line ဖွင့်ချိန်မှာ ကိုယ်နှစ်သက်တဲ့ ပြိုင်ပွဲဝင် ပါဝင်လာပါက ၃ ဦးစလုံးရဲ့ ယှဉ်ပြိုင်မှုမပြီးခင်မှာ မိမိရရ မဲပေးဖို့ လိုအပ်ပါတယ်။

နောက်ထပ် Team တစ်ဖွဲ့ စတင်ယှဉ်ပြိုင်တဲ့အခါမှာ စောစောကလိုပဲ Voting Line ပြန်လည်ဖွင့်သွားမှာပြီး ထပ်မံ Vote လုပ်လို့ရနိုင်မှာဖြစ်ပါတယ်။
 



အခြားနည်းလမ်းတစ်ခုနှင့် မဲပေးလို့ ရနိုင်မလား..?

MPT SIM card မရှိသူများနဲ့ နိုင်ငံရပ်ခြားကနေ The Voice Myanmar ကို အားပေးနေကြတဲ့ ပရိသတ်တွေပါ ကိုယ်တိုင်ပါဝင် မဲပေးနိုင်အောင် The Voice Myanmar စီစဉ်လျှက်ရှိပြီး
နောက်ထပ် မဲပေးနိုင်မည့် ပုံစံသစ်ကို The Voice Myanmar Facebook Page တွင် ဖော်ပြပေးသွားမှာဖြစ်လို့ www.facebook.com/thevoicemyanmar ကို LIKE လုပ်ထားပြီး သိရှိနိုင်ပါလိမ့်မည်။

 

HIGHLIGHT CLIPS