HIGHLIGHT CLIPS

Woofer နဲ့ ပက်သက်ပြီး ရန်ရန်ချန်းရဲ့ ရွေးချယ်မှု မှားယွင်းပြီလား..?

8 May 2018

1,473 Views

The Voice Myanmar “ရန်ရန်ချန်း” Team YC ရဲ့ အဖွဲ့သားတစ်ဦးဖြစ်ပြီး ရက်ပ်သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုတတ်တဲ့ Woofer ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ LIVE Show အပြီးမှာတော့ အိမ်ပြန်သွားခဲ့ရပါတယ်။


ကွန်ပျူတာနက်ဝေါ့ပညာရှင်အဖြစ် အလုပ်လုပ်ကိုင်နေတဲ့ Woofer က သူရဲ့ ဝါသနာအရင်းခံဖြစ်တဲ့ ရက်ပ်သီချင်းတွေ သီဆိုရင်း Underground လောကမှာ ရက်ပ်ပါတစ်ယောက်ဖြစ် ရပ်တည်နေတဲ့သူပါ။

The Voice Myanmar ကို ရက်ပ်လောကသားတွေအတွက် ရည်ရွယ်ပြီး Blind Audition ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ နည်းပြ ၄ ဦးစလုံး ရွေးချယ်ခြင်းခခဲ့ရပါတယ်။ ဒါပေမယ့် သူတစ်ကယ်နှစ်သက်မြတ်နိုးတဲ့ ယုံကြည်တဲ့ စီနီယာရက်ပ်ပါကြီး ရန်ရန်ချန်း ဆီကိုပဲ ဝင်ရောက်ခဲ့ပါတယ်။

Blind Audition မှာထဲက Woofer ယှဉ်ပြိုင်ခဲ့တဲ့ “ဒါမင်းဘဝ” ဗီဒီယိုဟာ တစ်မ္ဘာလုံးက အသိမှတ်ပြုကြည့်ရှုနေကြတဲ့ The Voice Global ရဲ့ “Hot This Week” ထဲမှာ တစ်ပတ်လုံးနေရာ ယူနိုင်ခဲ့ပါတယ်။


ဒတင်မကသေးပါဘူး နောက်တစ်ဆင့် Battle Round မှာ ဂျူလီယာဌေးနဲ့အတူ တွဲဖက်ပြီး သီဆိုယှဉ်ပြိုင်ခဲ့တဲ့ “အမုန်းမြို့သူ” ကလည်း The Voice Global ရဲ့ “Hot This Week” ထဲ ဒုတိယအကြိမ် ထပ်ဝင်ခဲ့ပြန်ပါတယ်။

အခုနောက်ဆုံး LIVE Show မှာလည်း အိမ်ပြန်သွားခဲ့ရပေမယ့် သူသီဆိုခဲ့တဲ့ “ရေတိမ်နစ်ခြင်း” က “Hot This Week” ထဲမှာ နေရာထပ်ယူထားကို တွေ့နေရပြန်ပါပြီ။


Woofer ဟာ The Voice Myanmar ပြိုင်ပွဲမှာ သီချင်း ၃ ပုဒ်နဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပြီး ၃ ပုဒ်စလုံး The Voice Global ရဲ့ “Hot This Week” ထဲကို ဝင်နိုင်ခဲ့တဲ့ ထူးထူးခြားခြား တစ်ဦးတည်းသော ပြိုင်ပွဲဝင်ဖြစ်ပါတယ်။

ဒါဆိုရင် ပြီးခဲ့တဲ့ LIVE Show တုန်းက “Woofer” ကို ထားခဲ့ရတဲ့ နည်းပြ ရန်ရန်ချန်း အနေနဲ့ မှားသွားပြီလို့ ပြောလို့ရပြီလား..?
ဒီလိုလည်း မဟုတ်သေးပါဘူး။
ရန်ရန်ချန်း ကိုယ်တိုင်က “Woofer” ရဲ့ အစွမ်းအစတွေကို သိမြင်နှင့်ပြီးသားဖြစ်ပါတယ်။ နောက်ဆုံးနှုတ်ဆက်တဲ့အခါ ရန်ရန်ချန်း က “Woofer” ကို ပြောခဲ့တာက −


Woofer ရဲ့ ဖန်တွေရော ရက်ပ်လောက က လူတွေရော ကျွန်တော့်ကို မေးခွန်းမေးကြလိမ့်မယ်။
ကျွန်တော် အမှန်ကန်ဆုံး ဆုံးဖြတ်တာပါ၊ ဘာကြောင့်လဲဆိုတော့ သူက ရက်ပ်ဆိုတာ၊ ရှေ့ဆက်ရမယ့်အဆင့်တွေမှာ တစ်ခြားလူတွေနဲ့ ဘယ်ဟာကိုပြိုင်တယ်လို့ ပြောကြမလဲ။
ဘယ်သူနဲ့ပြိုင်မလဲ Woofer..? မမျှတဘူးလေ Woofer နဲ့ ဆုံးဖြတ်ရမယ့်ကိစ္စကြီးက။
နောက်ပြီး အစ်ကိုတို့ Coach တွေအားလုံးက ထားခဲ့ရမယ့်လူကို အကောင်းဆုံးဖြစ်ပြီဆိုမှ ထားခဲ့ကြတာ။
အခုဆို Woofer ဆက်လျှောက်ဖို့လမ်းက အရမ်းဖြောင့်ဖြူးသွားပြီ.. ရှေ့ဆက်တက်လာရင်လဲ လှိုင်းထန်ဦးမှာပဲ

လို့ ပြောခဲ့ပါတယ်။


ကိုရန်ရန်ချန်းရဲ့ ဆုံးဖြတ်မှုက Woofer အတွက်လည်း မှန်ကန်သလို မြူးဇစ်အမျိုးအစား တစ်ခုထဲကိုပဲ လက်ကိုင်ထားလို့မရတဲ့ ပြိုင်ပွဲရဲ့ပုံစံအရဆိုရင်လည်း သင့်တော်ပါတယ်။

The Voice Myanmar ရဲ့ နောက်ထပ်ပွဲစဉ်တွေမှာ “Woofer” ကို ထပ်မတွေ့ရတော့ပေမယ့် ပရိသတ်တွေရဲ့ ရင်ထဲမှာသာမက ကမ္ဘာကပါ “Woofer” ကို အသိအမှတ်ပြုပြီးသားဆိုတာ The Voice Global ရဲ့ Hot This Week စာရင်းဝင်သွားတာက သက်သေပါပဲ..။

Fighting..! အားပေးလျှက်ပါ Woofer
 

HIGHLIGHT CLIPS