HIGHLIGHT CLIPS

Hot This Week ထဲဝင်သွားတဲ့ ရေသူမလေး Grace Monica

9 May 2018

1,518 Views

The Voice Myanmar ရဲ့ ပထမဦးဆုံး LIVE Show ကို အသင်း ၄ ခုမှ ပြိုင်ပွဲဝင် ၁၂ ဦး ယှဉ်ပြိုင်ခဲ့ကြပြီး Team NiNi “နီနီခင်ဇော်” ရဲ့ အဖွဲ့ထဲက “Grace Monica” ဟာ The Voice Global ရဲ့ ထိပ်တန်းစာရင်း “Hot This Week” ထဲမှာ နံပါတ် ၂ နေရာကို ရယူနိုင်ခဲ့ပါတယ်။


“Hot This Week” စာရင်းဟာ တစ်ကမ္ဘာလုံးက The Voice ပြိုင်ပွဲတွေများစွာထဲက တစ်ပတ်စာအတွက် အကောင်းဆုံးပြိုင်ပွဲဝင်တွေကို အပတ်စဉ် စုစည်းဖော်ပြပေးနေတာဖြစ်ပါတယ်။

Grace Monica က ကမ္ဘာကျော်ကာတွန်းရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်တဲ့ “The Little Mermaid” ဇာတ်ကားထဲက ဇာတ်ဝင်သီချင်းဖြစ်တဲ့ “Part Of Your World” နဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ စကားပြောခန်းတွေပါဝင်တဲ့ Musical ဆန်ဆန် သီချင်းဖြစ်တာကြောင့် တော်ရုံလေ့ကျင့်ပြင်ဆင်မှုနဲ့ ဘယ်လိုမှ သီဆိုလို့မရနိုင်တဲ့ သီချင်းအခက်စား တစ်ပုဒ်ဖြစ်ပါတယ်။

ဒီသီချင်းကို Grace Monica က သီချင်းနဲ့ တစ်သားထဲကျအောင် သီဆိုနိုင်ခဲ့တဲ့အပြင် ကာတွန်းကားထဲက လှုပ်ရှားမှုလေးတွေအတိုင်း ချစ်စရာဟန်ပန်လေးတွေနဲ့ စီးမျောလှုပ်ရှားသွားတာက ပရိသတ်တွေအတွက်တော့ ခမ်းနားတဲ့ ပြဇာတ်တိုလေး တစ်ပုဒ်ကို ကြည့်နေရသလို ခံစားလိုက်ရပါတယ်။


Grace Monica ဟာ The Voice Myanmar ရဲ့ အသက်အငယ်ဆုံး ပြိုင်ပွဲဝင်တစ်ဦးလည်းဖြစ်ပြီး ကလေးအသံလေး(ငယ်သံ) မသိမသာ ရောစွက်နေသေးတာကြောင့် အခုလို ကာတွန်းကားရဲ့ သီချင်းကို သီဆိုလိုက်တဲ့အခါမှာတော့ ဘာမှကို ပြောစရာမရှိလောက်အောင် ပြီးပြည့်စုံသွားပါတယ်။

သူမရဲ့ နည်းပြ နီနီခင်ဇော်ကတော့ ယှဉ်ပြိုင်နေစဉ်တလျှောက်လုံး အရမ်းကို ကျေနပ်အားရတဲ့ အပြုံးတွေနဲ့ အားပေးနေတာကို တွေ့ခဲ့ရပါတယ်။
ဒီအချက်တွေကြောင့် Grace Monica ဟာ LIVE Show ပထမအပတ်အတွက် The Voice Global ရဲ့ “Hot This Week” မှာ နေရာယူနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Grace Monica ရဲ့ “Part of your world” က YouTube မှာ ဝင်ရောက်ကြည့်ရှုသူ တစ်သိန်းကျော် ရှိနေပြီး ချီးကျူးအားပေးစကားပြောကြားထားတဲ့ ကွန်မန့်တွေနဲ့ ဝေဆာနေပါတယ်။

LIVE Show နောက်ထပ်တစ်ဆင့်မှာ Grace Monica က ဘယ်လိုသီချင်းအမျိုးအစားနဲ့ ဆက်လက်ယှဉ်ပြိုင်သွားဦးမလဲဆိုတာကို အပတ်စဉ် တနင်္ဂနွေနေ့ည ၉ နာရီ MRTV 4 ရုပ်သံလိုင်ကနေ စောင့်ကြည့်ကြပါဦး။
 

HIGHLIGHT CLIPS