HIGHLIGHT CLIPS

Hot This Week ထဲမှာ တစ်ကျော့ပြန်နေရာယူနိုင်ခဲ့တဲ့ “နှင်းအိနြေ္ဒရှင်”

17 May 2018

1,383 Views

The Voice Myanmar LIVE Show ဒုတိယအပတ် ယှဉ်ပြိုင်မှုအပြီးမှာတော့ နောက်ထပ် LIVE Show တစ်ဆင့်ကို နည်းပြ “ကျားပေါက်” ရဲ့ ရွေးချယ်မှုနဲ့အတူ တက်ရောက်သွားနိုင်ခဲ့တဲ့ “နှင်းအိနြေ္ဒရှင်” က The Voice Global ရဲ့ “Hot This Week” ထဲမှာ တစ်ကျော့ပြန် နေရာယူထားနိုင်ခဲ့ပါပြီ။


ပထမဦးဆုံး Blind Audition မှာ “Think Of Me” နဲ့ နေရာယူနိုင်ခဲ့ပြီး၊ LIVE Show ဒုတိယအဆင့်မှာ “ငါ့ရဲ့ Rebecca” သီချင်းနဲ့ ဒုတိယအကြိမ် နေရာယူနိုင်ခဲ့ပြန်ပါပြီ။

LIVE Show ဒုတိယအဆင့်မှာ “နှင်းအိနြေ္ဒရှင်” အပေါ် ဝေဖန်ခဲ့မှုတွေ ရှိခဲ့ပေမယ့် တစ်ကမ္ဘာလုံးမှာ ယှဉ်ပြိုင်နေကြတဲ့ The Voice ပြိုင်ပွဲတွေထဲက အကောင်းဆုံး၊ Hot အဖြစ်ဆုံး သီချင်းစာရင်းထဲမှာတော့ “နှင်းအိနြေ္ဒရှင်” ပါဝင်လာတာပဲဖြစ်ပါတယ်။

နောက်ထပ် LIVE Show တစ်ဆင့်မှာ ကျားပေါက်နဲ့ အတူတူအကောင်းဆုံး ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ဘယ်လို ရှေ့ဆက်ပြိုင်ပွဲဝင်သွားဦးမလဲဆိုတာ စောင့်ကြည့်ရအောင်ပါ။

ရင်ခုန်စိတ်လှုပ်ရှားစရာ The Voice Myanmar ရဲ့ အစီစဉ်များကို MRTV 4 ရုပ်သံလိုင်းကနေ အပတ်စဉ် တနင်္ဂနွေနေ့ ည ၉ နာရီမှာ ထုတ်လွှင့်ပြသလျှက်ရှိပြီး ပြန်လည်ပြသမှု Replay ကိုတော့ စနေ့နေ့ည ၉ နာရီမှာ ပြန်လည် ကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးရင်းနဲ့ နောက်တစ်ပတ် Battle Round ကို စောင့်မျှော်လိုက်ပါဦးနော်။

The Voice Myanmar ရဲ့ လှုပ်ရှားမှုတွေ အားလုံးကို Official Facebook Page ဖြစ်တဲ့ www.facebook.com/thevoicemyanmar ကို LIKE လုပ်ထားပြီး ဖတ်ရှုနိုင်သလို YouTube ဖြစ်တဲ့ www.youtube.com/thevoicemyanmar မှာလည်း ထုတ်လွှင့်ပြသမှု ရုပ်သံဗီဒီယိုများအားလုံးကို တစ်စုတစ်စည်းထဲ ကြည့်ရှုနိုင်ပါတယ်။

 

HIGHLIGHT CLIPS