HIGHLIGHT CLIPS

Grand Final အမီ Hot This Week ထဲနေရာယူနိုင်ခဲ့တဲ့ မန္တလေးသားကြီး

1 Jun 2018

23 Views

The Voice Myanmar ရဲ့ Semi Final ပွဲကြီးအပြီးမှာ The Voice Global ရဲ့ Hot This Week စာရင်းထဲမှာ မန္တလေးသားကြီး “ငွေစိုး” ရဲ့ ‘တစ်နေ့နေ့’ သီချင်း ဖော်ပြထားခြင်းခံရပါတယ်။

The Voice Global က တစ်ကမ္ဘာလုံးမှာ ယှဉ်ပြိုင်နေတဲ့ The Voice ပွဲစဉ်တွေထဲက အနှစ်သက်ဆုံး အဆိုရှင်တွေရဲ့ သီချင်းတွေကို စုစည်းဖော်ပြထားတာမို့ “ငွေစိုး” အတွက် ဂုဏ်ယူစရာ မှတ်တိုင်တစ်ခုအဖြစ် ထာဝရကျန်နေရစ်မှာပါ။

“တစ်နေ့နေ့” သီချင်းကို Semi Final (၈)ဦး ပြိုင်တဲ့နေ့က သီဆိုခဲ့တာဖြစ်ပြီး ပရိသတ်အားပေးမှုမဲရလဒ် ၆၀% နည်းပြရွေးချယ်မှု ၄၀% နဲ့ ငွေစိုးက Grand Final ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။

ဒီတစ်ပတ် တနင်္ဂနွေနေ့ (၃.၀၆.၂၀၁၈) မှာ ယှဉ်ပြိုင်မယ့် Grand Final Live Show မှာ ငွေစိုး၊ နှင်းအိနြေ္ဒရှင်၊ သော်ဒီ နဲ့ Mark Jason တို့ ၄ ဦးထဲက တစ်ဦးကသာ The Voice Myanmar Season 1 WINNER ဖြစ်လာမှာမို့ ကိုယ်တစ်ကယ်အားပေးတဲ့ ပြိုင်ပွဲဝင်ကို အားပေးဖို့ စောင့်မျှော်ကြပါဦး။

HIGHLIGHT CLIPS