News

အရှိန်မြင့်လာတဲ့ The Voice Myanmar Blind Audition ဒုတိယပိုင်း

24 Feb 2018

1,900 Views


The Voice Myanmar ရဲ့ Blind Audition ဒုတိယအပတ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပြိုင်ပွဲဝင်အတော်များများကတော့ ရည်းမှန်းချက် ကြီးတယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။ The Voice Myanmar ကို ယုံကြည်စွာနဲ့ လက်ရှိအလုပ်အကိုင်တွေကိုတောင် စွန့်လွှတ်ပြီး ရောက်လာခဲ့ကြသူတွေတောင် ရှိခဲ့လို့ သူတို့ရဲ့ အိမ်မက်တွေက ချိုင်းနားမိတ် မဟုတ်တာတော့ အသေချာပဲဖြစ်ပါတယ်။

ဒီတစ်ပတ်ရဲ့ ပထမဦးဆုံးအဖြစ် စတိတ်စင်ပေါ်ကို တက်လာတဲ့ ပြိုင်ပွဲဝင်ကတော့ “ဆူဇန်အေး” ဖြစ်ပါတယ်။ သီချင်းတီးလုံးစပြီဆိုရင်ပဲ နောက်ကျောပေးထားရတဲ့ နည်းပြလေးဦးက ဘာသီချင်းများ ဖြစ်လိမ့်မလဲလို့ နားစိုက်ထောင်နေကြတဲ့ မြင်ကွင်းက စိတ်လှုပ်ရှားစေပါတယ်။

နူးညံ့ပြေပြစ်တဲ့ တေးသွားနဲ့ “ဇာတ်ကောင်” ဆိုတဲ့ သီချင်းကို တည်တည်ငြိမ်ငြိမ်နဲ့ သီဆိုပြီး စာသားအဆုံးသတ်တွေမှာ ထူးခြားတဲ့ ကိုယ်ပိုင်ဟန်ကို ပြသနိုင်ခဲ့တဲ့အတွက် ပထမအပိုဒ် အဆုံးမှာပဲ “လင်းလင်း” က ပထမဦးဆုံး ခလုပ်နှိပ်ပြီး လှည့်လာခဲ့ပါတယ်။
ရှေ့ဆင့်နောက်ဆင့်ဆိုသလို “နီနီခင်ဇော်” ကလည်း ထပ်မံလှည့်လာခဲ့ပါတယ်။

“ဆူဇန်အေး” ရဲ့ သီဆိုယှဉ်ပြိုင်မှုကို နောက်ထပ် ဘယ်နည်းပြတွေက ထပ်မံလှည့်ကြည့်မလဲ၊ လက်ရှိအခြေအနေမှာ အသင်းသားတစ်ယောက်မှ မရှိသေးတဲ့ “လင်းလင်း” အတွက် မျှော်လင့်ချက်ရှိပါ့မလား..?
“ဆူဇန်အေး” ကရော ဘယ်နည်းပြကို ရွေးချယ်သွားမလဲ ဆိုတာ ရင်ခုန်စေချင်လို့ ကိုယ်တိုင်ကြည့်ပြီး ခံစားလိုက်နော်..


ရုပ်သံထုတ်လွှင့်မှုအစီစဉ်ကို ကြည့်ရှုပြီးတဲ့နောက် “ဒီတစ်ယောက်က G Fatt” နဲ့ အသံဆင်တယ်နော်လို့ သုံးသပ်ခံထားရတဲ့ ဒုတိယမြောက်ပြိုင်ပွဲဝင်ကတော့ “အောင်ဇင်ဖြိုး” ဖြစ်ပါတယ်။

‘အာဇာနည်’ ကို အားကျပြီး သီချင်းဆိုချင်စိတ်တွေ တရွရွဖြစ်ခဲ့တဲ့ “အောင်ဇင်ဖြိုး” က စင်ပေါ်မှာ တစ်ကယ်ပြိုင်သွားခဲ့တဲ့ သီချင်းက ‘ဝိုင်းဝိုင်း’ နဲ့ ‘မဒီ’ တို့ရဲ့  စုံတွဲသီချင်းကောင်း တစ်ပုဒ်ဖြစ်တဲ့ “ဆန္ဒတစ်စုံ” ဖြစ်ပါတယ်။
‘G Fatt’ ကာလာနဲ့ ဒီလိုသီချင်းကို သူဘယ်လို သီဆိုသွားခဲ့လဲ..?
နည်းပြလေးဦးကရော အကြိုက်ဖြစ်ခဲ့ရဲ့လားဆိုတာ ပေါ့သွားမှာစိုးလို့ပါနော်..


တတိယမြောက် ပြိုင်ပွဲဝင်ကတော့ ပုသိမ်မြို့က ရိုးသားတဲ့ ကရင်မလေး “နောထီးဖောစော” ဖြစ်ပါတယ်။ ကရင်သီချင်းအဆိုရှင်တစ်ဦးဖြစ်ပြီး တေးရေး ဆွေဟိန်း ရဲ့ “သူစိမ်း” ဆိုတဲ့ သီချင်းနဲ့ ယှည်ပြိုင်ခဲ့ပါတယ်။

စ,စဆိုလိုက်တဲ့ အချိန်မှာပဲ နည်းပြတွေရဲ့ မျက်နှာပေါ်မှာ “တယ်ဟုတ်ပါလား” ဆိုတဲ့ ခံစားမှု အရိပ်တွေ ပေါ်လွင်ခဲ့တာကို တွေ့လိုက်ရပါတယ်။
“နော်ထီးဖောစော” တစ်ယောက် ဒိုင်တွေရဲ့ရင်ထဲကို ထိုးဖောက်ပြီး Blind Audition ကို ကျော်ဖြတ်နိုင်ပါ့မလား..?


နောက်ထပ်ပြိုင်ပွဲဝင်တစ်ဦးကတော့ “ရိုးရိုး” ဖြစ်ပါတယ်။ နံမည်က “ရိုးရိုး” ဆိုပေမယ့် ဖြတ်သန်းခဲ့ရတဲ့ ဘဝကတော့ ခက်ခဲခဲ့ပါတယ်။

“Perfect” ဆိုတဲ့ သီချင်းကို ကိုယ်တိုင် ဂီတာတီးခတ်ပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ အသံပါဝါကောင်းကောင်းနဲ့ တစ်ဖက်ကဂီတာတီးရင်း သီဆိုယှဉ်ပြိုင်ခဲ့တာကြောင့် သီချင်းကို “ရိုးရိုး” တစ်ယောက် ကောင်းကောင်း အာရုံစိုက်နိုင်ပါ့မလား..?


Blind Audition မှာ ပရိသတ်တွေ လုံးဝသတိထားမိခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ဦးကတော့ “လှိုင်မျိုးသူ” ပဲဖြစ်ပါတယ်။ သူ့ရဲ့မိသားစုတွေကိုယ်တိုင်က လုံးဝလက်မခံနိုင်တဲ့ အကြောင်းကို ရဲရဲရင့်ရင့် ပရိသတ်တွေ သိအောင်ဖွင့်ပြောခဲ့လို့ပဲဖြစ်ပါတယ်။
ဒီနေရာမှာကျတော့ နည်းပြလေးဦးဟာ တစ်ကယ်ပဲ သနားစရာကောင်းတယ်လို့ ခံစားလိုက်ရပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့အားလုံး ဒီအကြောင်းတွေကို သိခွင့်မရလို့ဖြစ်ပါတယ်။

“I will Always Love You” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေက သူ့ကို ရွေးချယ်ခံရစေချင်ခဲ့ပေမယ့် နည်းပြတွေအတွက် သူဟာ ရွေးချယ်သင့်တယ်လို့ ဆုံးဖြတ်ပါ့မလား..? တစ်ကယ်ရင်ခုန်သံ မြန်ရတဲ့ အခိုက်အတန့်လေး ဖြစ်ခဲ့ပါတယ်။


လက်ရှိမှာ အကပညာရှင်အဖြစ် ရပ်တည်နေတဲ့ “ခိုင်မြဲသစ္စာ” က သူမရဲ့ နောက်ထပ် စိတ်ကူးအိမ်မက်တစ်ခုကို အကောင်အထည်ဖော်ဖို့ The Voice Myanmar ကို ရောက်ရှိလာခဲ့တာပါ။

“Stand By Me” နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ “ခိုင်မြဲသစ္စာ” တစ်ယောက် ကံကောင်းနိုင်ပါ့မလား..?
 


“ဖြိုးဟေမာဦး” ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ဖြစ်သူရဲ့ ဆန္ဒကိုဖြည့်ဆည်းနိုင်ဖို့ အလုပ်တွေအားလုံး ပစ်ချခဲ့ပြီး The Voice Myanmar အဆိုပြိုင်ပွဲကြီးဆီကို လျှောက်လှမ်းလာခဲ့တာပါ။

‘ထူးအိမ်သင်’ ရဲ့ “အကြင်နာအိမ်မက်” သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပြီး အဆုံးသတ်မှာတော့ သီချင်းရွေးချယ်မှုအပေါ် ဒီသီချင်းက အင်မတန်တာဝန်ကြီးတဲ့ သီချင်းအဖြစ် နည်းပြတွေအားလုံးက ကွန်မန့်ပေးခဲ့ပါတယ်။
“ဖြိုးဟေမာဦး” အတွက် အဖြေကဘာဖြစ်ခဲ့မလဲ..?
 


မန္တလေးမြို့က ဆရာဝန်မလေး “ထက်ထက်မြင့်အောင်” ကလည်း ဆေးကျောင်းသူဘဝက စာတွေနဲ့ နပမ်းလုံးနေခဲ့ရတာကြောင့် မြိုသိပ်ထားခဲ့ရတဲ့ ဆန္ဒတစ်ခုကို The Voice Myanmar မှာ အကောင်အထည်ဖေါ်ဖို့ ယုံကြည်ချက် အပြည့်နဲ့ လာခဲ့သူတဟ်ယောက်ပါ။

“တိတ်တိတ်လေးကြေကွဲ” ဆိုတဲ့ သီချင်းနဲ့ နည်းပြလေးဦးနဲ့အတူ ပရိသတ်ကြီးပါ ကြေကွဲအောင် ဘယ်လိုယှဉ်ပြိုင်ခဲ့လဲဆိုတာ အရမ်းကြည့်စေချင်လို့ ပြောမပြတော့ဘူးနော်..။


သူမရဲ့ အရည်အချင်းအပေါ် ယုံကြည်ချက် အပြည့်ရှိတဲ့ သူငယ်ချင်းတွေရဲ့ တွန်းအားကြောင့် The Voice Myanmar ကို လာရှိုးကနေ ရောက်လာသူကတော့ ရှမ်းမလေး “အစ်ရှမ်းပေါင်း” ပါ။

“Runaway Baby” သီချင်းနဲ့ ယှည်ပြိုင်ခဲ့တဲ့ “အစ်ရှမ်းပေါင်း” တစ်ယောက် သူငယ်ချင်းတွေရဲ့ ယုံကြည်ချက်အတိုင်းရှေ့ဆက်နိုင်မလား..? ဒါမှမဟုတ် နည်းပြတွေရဲ့ အဖြေကဘာဖြစ်သွားမလဲ..?


ဒီတစ်ပတ် The Voice Myanmar Blind Audition ရဲ့  ဆယ်ယောက်မြောက် နောက်ဆုံးပြိုင်ပွဲဝင်ရဲ့ အမည်ကတော့ ကြာလိုက်တာနဲ့ ကလေးတွေ အကြိုက်တွေ့သွားမယ့် “Oishi” ဖြစ်ပါတယ်။

အဆိုပြိုင်ပွဲအတော်များများမှာ ပြိုင်ပွဲဝင်တွေ သီဆိုယှဉ်ပြိုင်လေ့ရှိတဲ့ “Shape Of You” ကို Oishi တစ်ယောက် ဘယ်လိုယှဉိပြိုင်သွားမလဲ..? နည်းပြတွေကရော အကြိုက်တွေ့နိုင်ပါမလား..?
ဆိုတာကို ဖော်ပြရင်း The Voice Myanmar ရဲ့ Blind Audition Episode 2 ကတော့ ပြီးဆုံးသွာခဲ့ပါပြီ။


နောက်တစ်ပတ် တနင်္ဂနွေ ည ၉ နာရီ MRTV-4 မှာ Blind Audition Episode 3 ကို စောင့်မျှော်အားပေးကြရအောင်။
မကြည့်ဖြစ်လိုက်တဲ့သူတွေအတွက် စနေနေ့ည ၉ နာရီမှာ တစ်ဖန်ပြန်လည် ထုတ်လွှင့်ပေးနေပါတယ်။

News