News

ဒီတစ်ပတ် Battle Round ကို စိတ်ခိုင်မှ ကြည့်ပါ...!

7 Apr 2018

1,684 Views


The Voice Myanmar ရဲ့ ဒုတိယမြောက် Battle Round ကို မကြည့်ဖြစ်လိုက်တဲ့ ပရိသတ်တွေအတွက်တော့ ဒီနေ့ည ပွဲကြီးပွဲကောင်းတစ်ခု လွတ်သွားတယ်လို့ပဲ ပြောပါရစေ။


Battle Round မစခင်ကတည်းက နီနီခင်ဇော်ကလည်း “ဒီနေ့ Battle ဟာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု နှစ်ခုစလုံး ဒွန်တွဲနေမှာ သေချာပါတယ်” လို့ ပြောသွားခဲ့ပါတယ်။
ဒါကြောင့် ဒီနေ့ည Battle Round ကိုတော့ စိတ်ခိုင်မှ ကြည့်ပါလို့ ပြောပါရစေ။
 
အကြောင်းကြောင်းကြောင့် မကြည့်ဖြစ်လိုက်တဲ့ ပရိသတ်တွေအတွက်  ဒီနေ့ညယှဉ်ပြိုင်သွားခဲ့တဲ့ Battle Round ကို ယခုတစ်နေရာထဲမှာပဲ အားလုံးအပြည့်အစုံ အရသာမပျက်အောင် ဓါတ်ပုံတွေ၊ ရုပ်သံတွေနဲ့ ထုံးစံအတိုင်း ကြိုးစားပြီး ဖော်ပြပေးလိုက်ပါတယ်။

ဒီညမှာ ပထမဦးဆုံး ယှဉ်ပြိုင်သီဆိုရမယ့် အတွဲကတော့ TeamKP(ကျားပေါက်) အဖွဲ့မှ “ဘဝ” နဲ့ “ဆူဇန်အေး” တို့ အတွဲပဲဖြစ်ပါတယ်။


Blind Audition မှာထဲက ‘ကိုယ်စောင့်နတ်’ သီချင်းနဲ့ အမာခံပရိသတ်တွေ ရရှိခဲ့သူက “ဘဝ” ပါ။ ဒီလိုပါပဲ “စူဇန်အေး” ကလည်း ဘဝအကြောင်းကို “ပါးပါးလေးပါလား.. ပါးပါးလေးပါလား..”လို့ ဖွဲ့ဆိုထားတဲ့ “ဇာတ်ကောင်” သီချင်းနဲ့ နည်းပြတွေရော ပရိသတ်တွေပါ အကြိုက်တွေ့ခဲ့ရသူပါ။


ဒီနေ့ညမှာတော့ သူတို့နှစ်ဦးက ကျားပေါက် ရေးစပ်ထားတဲ့ “Accident” ဆိုတဲ့ သီချင်းနဲ့ အတွဲညီညီ ယှဉ်ပြိုင်သွားခဲ့ပါတယ်။



ဒုတိယယှဉ်ပြိုင်ရမယ့် အတွဲကတော့ TeamLynn(လင်းလင်း) ရဲ့ အဖွဲ့သားနှစ်ယောက်ဖြစ်တဲ့ “သြသြ” နဲ့ “အစ်ရှမ်းပေါင်း(Ip Shen Paung)” တို့ပဲဖြစ်ပါတယ်။


တေးရေးမင်းချစ်သူရဲ့ “ခေါ်သံ” သီချင်းကို လိုက်ဖက်ညီစွာ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် Live Show အဆင့်အတွက် တစ်ဦးတည်းကိုသာ ခေါ်သွားရမှာ ဖြစ်လို့ နည်းပြ “လင်းလင်း” ရဲ့ ရွေးချယ်မှုအပြီးမှာတော့..
 

 


အခုလာမယ့် Battle Round ကို ကြည့်နေရင်းကနေ မပြီးသွားပါစေနဲ့လို့ ဆုတောင်းနေမိတာ အမှန်ပါ။ အရမ်း အရမ်းကောင်းပါတယ်လို့ ဆိုတာထက် ပြောစရာ စကားမရှိအောင် ယှဉ်ပြိုင်ခဲ့သူနှစ်ဦးကတော့ TeamYC (ရန်ရန်ချန်း) အဖွဲ့က “သော်ဒီ” နဲ့ “Priscilia Htike” တို့ ဖြစ်ပါတယ်။


Beyonce ရဲ့ ဆရာကျလှတဲ့ “Halo” သီချင်းကို ရွေးချယ်ထားတယ်ဆိုတာ သိလိုက်တော့ ကိုဝိုင်စီရယ် ရက်စက်လိုက်တာလို့တောင် တွေးမိလိုက်ပါတယ်။ တစ်ချိန်ထဲမှာပဲ သူတို့ နှစ်ယောက်စလုံးအတွက်ပါ စိတ်ပူခဲ့မိပါတယ်။
တစ်ကယ် ယှဉ်ပြိုင်သီဆိုလိုက်တဲ့ အချိန်မှာတော့ နည်းပြတွေ အားလုံးရော ပရိသတ်တွေရော ငြိမ်ကျသွားအောင် ဖမ်းစားနိုင်လွန်းလို့ သူတို့ထဲက တစ်ယောက် အိမ်ပြန်ရမှာကို အရမ်းနှမြောနေမိပါတယ်။ (ဒါကြောင့် မပြီးပါစေနဲ့လို့ ဆုတောင်းမိတာပါ)
ပြောရင်လည်း အရမ်းညွှန်းတာပဲလို့ ပြောခံရမှာကြောင်လို့ ကိုယ်တိုင်ကြည့်ရှုပြီးမှပဲ ဆုံးဖြတ်ပေးစေချင်ပါတယ်။



ဒီတစ်ပတ် Battle Round မှာတော့ သီချင်းရွေးပေးတဲ့နေရာမှာ နည်းပြတွေက ရက်စက်တယ်လို့တောင် ထင်မိပါတယ်။
ဒါပေမယ့်လည်း တစ်ဆင့်ထက်တစ်ဆင့် ပြိုင်ပွဲဝင်တွေရဲ့ အရည်အချင်းစစ်တွေ ဖော်ထုတ်ပေးရမှာက နည်းပြတွေရဲ့ တာဝန်ပဲ မဟုတ်ပါလား။
မန္တလေးသား “အောင်ကြီး” နဲ့ “ဆုလဲ့နှင်း” တို့ကို လင်းလင်းက TeamLynn ရဲ့ အတွဲ တစ်စုံအဖြစ် တွဲပေးလိုက်ပြန်ပါတယ်။


ကေအေတီရေးစပ်ပြီး လေးဖြူနဲ့ မဒီတို့ သီဆိုထားတဲ့ “အရည်ပျော်ခြင်း”...။
သီချင်း Intro music စဝင်ဝင်ခြင်းမှာပဲ နီနီခင်ဇော်က ဒီသီချင်းလည်းခက်တယ် ဆိုတဲ့ မှတ်ချက်ပေးခဲ့ပြီး သူတို့နှစ်ယောက် ဘယ်လို သီဆိုသွားမလဲဆိုတာ စောင့်ကြည့်နေခဲ့ပါတယ်။

“လင်းလင်း” ကတော့ ကိုယ့်အဖွဲ့ထဲက လူတွေရဲ့ အရည်အသွေးကို ရှိုးလိုက်ဆိုတဲ့ အထာနဲ့ အေးဆေးပါပဲ။ လင်းလင်းတစ်ယောက် “အောင်ကြီး” နဲ့ “ဆုလဲ့နှင်း” တို့ကို စိတ်ချမယ်ဆိုရင်လည်း တစ်ကယ်စိတ်ချစရာပါ။  
သူတို့အတွဲကလည်း တစ်ယောက်မှ အိမ်မပြန်သင့်သေးတဲ့ အတွဲတစ်တွဲဖြစ်တယ်လို့ မှတ်ချက်ပြုပါရစေ..။
 

 


အရှေ့ပိုင်းမှာ အင်္ဂလိပ်လိုရော မြန်မာလိုရော ခံစားချက်အားပြင်းတဲ့ သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ကြပြီးနောက် ဒီတစ်ခေါက်ကတော့ မြူးမြူးကြွကြွသီချင်း တစ်ပုဒ်ကို သူနိုင်ကိုယ်နိုင် သီဆိုကြဖို့ “Micky” နဲ့ “Oishi” တို့ စင်ပေါ်မှာ အသင့်ရှိနေကြပါပြီ။


သူတို့ရဲ့နည်းပြကြီး “ရန်ရန်ချန်း” က TeamYC အတွက် အားထားရမယ့် ပြိုင်ပွဲဝင် တစ်ဦးကို စိစစ်ရွေးချယ်ဖို့ ခုံနီကြီးပေါ်မှာ မိန့်မိန့်ကြီး ထိုင်နေပါတယ်။
သူတို့နှစ်ဦးအတွက် ရွေးချယ်ပေးထားတဲ့ ပြိုင်ပွဲဝင်သီချင်းက “Don’t Let Me Down” ပါ။
 

 


အတွဲ ၆ တွဲမြောက် Team NiNi “နီနီခင်ဇော်” ရဲ့ လက်ရွေးစင် နှစ်ဦးကလည်း နိုင်ငံတစ်ကာ စံချိန်မီတယ်လို့ ရဲရဲကြီးအားမခံပါတယ်။

နာမည်ချင်းပါ ဆင်တူတဲ့ “Jason Ace” နဲ့ “Mark Jason” တို့နှစ်ဦးက ကမ္ဘာကျော် လူကြိုက်များတဲ့ John Legend ရဲ့ “All Of Me” သီချင်းနဲ့ ယှဉ်ပြိုင်သွားခဲ့ပါတယ်။

ဒီသီချင်းကို သူတို့နှစ်ယောက်ဆိုလိုက်တဲ့အခါ မူရင်း John Legend လို ချွဲပြစ်ပြစ်ကြီး ဆွဲငင် ဆိုတာတာမဟုတ်လို့  အားမနာတမ်း စိတ်ထဲရှိတဲ့အတိုင်းပြောရရင် “Jason Ace” နဲ့ “Mark Jason” တို့ ဆိုတဲ့ “All Of Me” ကို မူရင်း John Legend ထက် ပိုပြီးကြိုက်ပါတယ်။


“Jason Ace” နဲ့ “Mark Jason” တို့ ဆိုနေစဉ်မှာ နည်းပြ လင်းလင်းဆိုရင် ခုံနောက်မှာ ဝင်ပုန်းနေရတဲ့ထိ ကောင်းလွန်းနေပြီး အခြားနည်းပြတွေတောင် ထောက်ပြစရာမရှိလောက်အောင် ဖြစ်ခဲ့ရတာမို့ နီနီတစ်ယောက်တော့ အကြီးကြီးအခက်တွေ့နေပါပြီ..။
 


Battle Round ရဲ့ ဒုတိယနေ့ညကတော့ အဆုံးသတ်သွားပြန်ပါပြီ။ ဒီနေ့ညရဲ့ ယှဉ်ပြိုင်သီဆိုမှုအားလုံးက ပရိသတ်တွေရဲ့ ရင်ထဲမှာ မှတ်မှတ်ထင်ထင် ကျန်နေခဲ့လိမ့်မယ်လို့ ယုံကြည်ပါတယ်။
The Voice Myanmar ရဲ့ အစီစဉ်များကို MRTV 4 ရုပ်သံလိုင်းကနေ အပတ်စဉ် တစနင်္ဂနွေနေ့ ည ၉ နာရီမှာ ထုတ်လွှင့်ပြသလျှက်ရှိပြီး ပြန်လည်ပြသမှု Replay ကိုတော့ စနေ့နေ့ည ၉ နာရီမှာ ပြန်လည် ကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးရင်းနဲ့ နောက်တစ်ပတ် Battle Round ကို စောင့်မျှော်လိုက်ပါဦးနော်။

The Voice Myanmar ရဲ့ လှုပ်ရှားမှုတွေ အားလုံးကို Official Facebook Page ဖြစ်တဲ့ www.facebook.com/thevoicemyanmar ကို LIKE လုပ်ထားပြီး ဖတ်ရှုနိုင်သလို YouTube ဖြစ်တဲ့ www.youtube.com/thevoicemyanmar မှာလည်း ထုတ်လွှင့်ပြသမှု ရုပ်သံဗီဒီယိုများအားလုံးကို တစ်စုတစ်စည်းထဲ ကြည့်ရှုနိုင်ပါတယ်။
 

News