News

ဂီတအရောင်အသွေးတွေ ပေါင်းစုံမိတဲ့ LIVE Show စတုတ္ထည

21 May 2018

1,455 Views


The Voice Myanmar ရဲ့ စတုတ္ထမြောက် LIVE Show ရဲ့ အဖွင့်မှာတော့ နီနီခင်ဇော်နဲ့အတူ Team NiNi အဖွဲ့သားတွေက "Boom Boom Boom Boom & We Like To Party" သီချင်းကို အကများနဲ့ သီဆိုတင်ဆက်သွားတာက ပါတီပွဲတစ်ခုကို ရောက်သွားလို ခံစားလိုက်ရပါတယ်။


ပထမဦးဆုံး အလှည့်ကျတာကတော့ “ဝေနှင်းမောင်” ဖြစ်ပါတယ် အပြာရောင် ဝတ်စုံလေးပေါ်မှာ ဇာပုဝါ ပါးပါးလေး ခြုံထားတဲ့ သူမရဲ့ ဟန်ပန်က အခမ်းနားဆုံးပုံစံနဲ့ ဣနြေ္ဒရလို့နေပါတယ်။


"သူငယ်ချင်းအတွက်" သီချင်းကို အနိမ့်အမြင့် အသံတွေကြားမှာ အရှိုက်အပင့်လေးတွေနဲ့ သပ်ရပ်စွာ သီဆိုသွားနိုင်ပါတယ်။


ဝေနှင်းမောင်ရဲ့ သီဆိုမှုကို ကိုကျားပေါက်ကသီချင်းဆိတာက စာဆိုတာနဲ့ နဲနဲတူနေပေမယ့် ကောင်းပါတယ်။ ဒီသီချင်းက ဝေနှင်းမောင်ထက် အသက်ကြီးပိုတယ်လို့လည်း ပြောခဲ့ပါသေးတယ်။

ကိုလင်းလင်း ကတော့ ထုံးစံအတိုင်း အရမ်းမိုက်တယ်လို့ပဲ အားပေးခဲ့ပါတယ်။
ရန်ရန်ချန်းကတော့ ဒီသီချင်းလေးကို နားထောင်ပြီး အော်ရီဂျင်နယ် ဂျပန်ရုပ်ရှင်ကို သတိယသွားတယ်လို့ဆိုပါတယ်။

နီနီခင်ဇော်နဲ့အတူ ပွဲဦးထွက် အဖွဲ့လိုက် သီချင်းဆိုပြီးတာနဲ့ ဆက်ပြီးယှဉ်ပြိုင်ခဲ့ရတဲ့အတွက် မောပန်းမှုတွေ ရှိနေတဲ့ကြားက အကောင်းဆုံး သီဆိုနိုင်ခဲ့လို့ အားရတယ်လို့ နီနီခင်ဇော်က မှတ်ချက်ပြုခဲ့ပါတယ်။

"ဝေနှင်းမောင်" ကတော့ တာဝန်ကျေသွားခဲ့ပါပြီ။

 

ဒုတိယ ယှဉ်ပြိုင်ရသူကတော့ Andrew ပါ။ ဒီနေ့ညမှာတော့ Andrew ကို ပုံစံအသစ်တစ်မျိုးနဲ့ မြင်တွေ့ခဲ့ရပြီး Rock သီချင်းတစ်ပုဒ်ဖြစ်တဲ့ "ပါးပါးလေးပါ" ကို ခပ်ကြမ်းကြမ်း သီဆိုယှဉ်ပြိုင်ခဲ့ပုံက အရင်တုန်းက Andrew နဲ့တော့ လုံးဝကို ခြားနားလို့နေပါတယ်။
 


ကိုလင်းလင်း က Andrew ကို သီချင်းနဲ့ ဆံပင်ပုံ လိုက်ဖက်တယ်လို့ ပြောခဲ့ပါတယ်။
ရန်ရန်ချန်းကတော့ Andrew ရဲ့ သီချင်းနဲ့ အဝတ်အစားဒီဇိုင်း ပြောင်းလိုက်တာကို အတော်လေး သဘောကျနေပုံရပါတယ်။
ကိုကျားပေါက် ကတော့ Andrew က R&B သီချင်းအမျိုးအစားနဲ့ ပိုလိုက်တယ်လို့ အကြံပြုခဲ့ပါတယ်။
နီနီကတော့ Andrew ကို ဒီနေ့ Andrew က ဘာလဲဆိုတာ ချပြလိုက်တာပဲလို့ ကျေနပ်အားရစွာ မှတ်ချက်ပြုခဲ့ပါတယ်။

 

တတိယအဖြစ် အသံအရစ်အဝဲတွေကို ပိုင်နိုင်ကျွမ်းကျင်စွာ သီဆိုတတ်တဲ့ Mark Jason က ဒီတစ်ခေါက်မှာလည်း "All Out Of Love" သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။
Air Supply ရဲ့ သီချင်းအခက်တစ်ပုဒ်က Mark Jason ရဲ့ ထိန်းကြောင်းမှုအောက်မှာ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ပရိသတ်ရဲ့ လက်ခုပ်သံ ညံစေခဲ့ပါတယ်။


ရန်ရန်ချန်း က အလှပဆုံးသီဆိုနိုင်ခဲ့တယ်လို့ မှတ်ချက်ပေးသလို ကျားပေါက်ကလည်း ကီးချိန်းတွေမှာ သပ်ရပ်တယ်လို့ဆိုပါတယ်။
လင်းလင်းကတော့ ထုံးစံအတိုင်း ဆုတောင်းပေးနေကြ နောက်တစ်ဆင့်ရောက်ပါစေလို့ မှတ်ချက်ပေးပါတယ်။
နီနီခင်ဇော်ကတော့ ကျေနပ်ပီတိဖြစ်စွာနဲ့  အစ လယ် ဆုံး နူးညံ့သိမ်မွေ့စွာ သီချင်းအရသာ ပေါ်လွင်အောင် သီဆိုသွားနိုင်တယ်လို့ ဆိုပါတယ်။
 

Team NiNi ထဲက နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ Grace Monica က လူရိုင်းမလေးလို ဝတ်ဆင်ထားပြီး လှံတစ်ချောင်းကိုင်လျက် စင်မြင့်ထက်မှာရှိနေပါတယ်။ အဲဒီအချိန်မှာ စတူဒီယိုကြီးတစ်ခုလုံး သာယာလှပတဲ့ တောအုပ်ကြီးထဲရောက်သွားသလိုမျိုး နောက်ခံပုံရိပ်များနဲ့ ပံ့ပိုးပေးထားတာက Grace Monica သီဆိုမယ့် “colors of the wind” သီချင်းနဲ့ အလိုက်ဖက်ဆုံး ဖြစ်နေပါတယ်။

Grace Monica က ဒီတစ်ခေါက်မှာလည်း ကာတွန်းကားထဲက လူရိုင်းမလေးအတိုင်း သရုပ်ဆောင် အမူအယာတွေနဲ့ သီချင်းကို ပြဇာတ်တစ်ပုဒ်လို တင်ဆက်သွားနိုင်ခဲ့ပါတယ်။


သီချင်းအဆုံးမှာတော့ ကျားပေါက်က အသက်အရွယ်နဲ့ မလိုက်အောင် mood အရမ်းကောင်းလွန်းတယ်လို့ မှတ်ချက်ပြုပါတယ်။
ရန်ရန်ချန်းကတော့ Musical တစ်ခုကို ကြည့်နေရသလိုပဲ အရမ်းမိုက်ပါတယ်လို့ဆိုပါတယ်။
လင်းလင်းကတော့ ပရိသတ် Voting အများကြီးရပါစေလို့ ဆုတောင်းပေးပါတယ်။
နီနီကတော့ သူ့ရဲ့ အသင်းသားဖြစ်တဲ့ Grace Monica ကို အသံကဝေမလေးလို့ တင်စားလိုက်ပြီး ကမ္ဘာကလည်း သူမရဲ့အသံကို စိတ်ဝင်စားမယ်လို့ ထင်တယ်တယ်လို့ ဆိုပါတယ်။
 


Team NiNi အဖွဲ့သားတွေအားလုံး သီဆိုပြီးသွားတဲ့နောက် Voting Line တွေ ပိတ်သွားခဲ့ပါပြီ။ အခုအချိန်ကတော့ နောက်တစ်ဆင့်အတွက် အဖြေကို ထုတ်ပေးရတော့မယ့် အချိန်ပါ။
ဒီတစ်ခေါက်မှာတော့ ပရိသတ် Voting အများဆုံးနဲ့ Mark Jason က နောက်ထပ် LIVE Show တစ်ဆင့်ကို တက်သွားခဲ့ပါတယ်။


Andrew ၊ ဝေနှင်းမောင် ၊ Grace Monica တို့ ၃ ယောက်ထဲကမှ နီနီခင်ဇော်က “အသံကဝေမလေး” လို့ ပြောလိုက်တာကြောင့် Grace Monica လည်း နောက်တစ်ဆင့်ကို တက်သွားနိုင်ခဲ့ပါတယ်။

 

**********************************


LIVE Show ရဲ့ ဒုတိယပိုင်းယှဉ်ပြိုင်မှုများ မစတင်မီမှာ လင်းလင်းနဲ့အတူ Team Lynn အဖွဲ့သားတွေက လင်းလင်းရဲ့ သီချင်းကောင်း တစ်ပုဒ်ဖြစ်တဲ့ "အဖေနဲ့အမေ နေတဲ့အိမ်" သီချင်းကို အတွဲညီညီ သီဆိုခဲ့ပြီး ပရိသတ်တွေအားလုံးကလည်း ငြိမ်သက်စွာနဲ့ အဖေနဲ့ အမေကို သတိယနေမှာ အသေချာပါပဲ..။

Team Lynn အတွက် ပထမဦးဆုံး တစ်ယောက်ကတော့ “Ip Shen Paung” ဖြစ်ပါတယ်။ ကိုယ်ကျပ်ဘောင်းဘီ၊ ဂျင်းအင်္ကျီနဲ့ လူတောင်မှားလောက်တဲ့ အပြင်အဆင်နဲ့ Rock သီချင်းတစ်ပုဒ်ဖြစ်တဲ့ “ဆူးလေး” ကို သီဆိုခဲ့ပါတယ်။


ကိုယ်တိုင်က အရမ်းဆိုချင်ခဲ့တဲ့ သီချင်းဖြစ်လို့ စိတ်လွတ်လက်လွတ်နဲ့ သီချင်းထဲမှာသာ နစ်မြုတ်ထားတဲ့ Ip Shen Paung ရဲ့ ဆိုဟန်က တစ်ကယ့် Rocker ကြီးတစ်ယောက်ပါပဲ။
Ip Shen Paung ရဲ့ Rock ဂီတပေါက်ကွဲသံစဉ်ကို ဒီနေ့ညမှာ အပြည့်အဝ မြင်တွေ့ခံစားရပါတယ်။


Ip Shen Paung ရဲ့ သီဆိုမှုကို  ကျားပေါက်က သီချင်းနဲ့အတူ လိုက်ပါစီးမျောနေတာကို သဘောကျတယ်လို့ဆိုပါတယ်။ ရန်ရန်ချန်းကတော့ အခုလို အားရပါးရ သီချင်းဆိုတာကို ကြည့်လိုက်ရတာ စိတ်ကျေနပ်မိတယ်လို့ မှတ်ချက်ပြုပါတယ်။
နီနီခင်ဇော်ကတော့ Ip Shen Paung ကို  ကလေးလေးတစ်ယောက်လို လွပ်လွပ်လပ်လပ် သီဆိုခဲ့တယ်လို့ မှတ်ချက်ပြုပါတယ်။
 

ဒီတစ်ခါတော့ မန္တလေးသားကြီး “ငွေစိုး” ရဲ့ အလှည့်ပါ။ “ငွေစိုး” က ဒီနေ့ညမှာ “အမေ့ရုပ်ရည်” သီချင်းနဲ့ The Voice Myanmar ပရိသတ်တွေ အကုန်လုံးက ကိုယ်စီမိခင်တွေကို လွမ်းဆွတ်စေခဲ့ပါတယ်။
သူကိုယ်တိုင်လဲ ရင်ဘတ်ထဲက ခံစားချက်အပြည့်နဲ့ မျက်ရည်တွေ ဝေ့နေအောင် သီဆိုခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ ရင်ထဲရောက်အောင် တိုးဝင်နိုင်ခဲ့ပါတယ်။


သီဆိုမှုအပြီးမှာ ရန်ရန်ချန်း က  မန္တလေးရောက်ခဲ့ရင် အဆောင်တွေရှေ့မှာ အတူတူသီချင်းလှည့်ဆိုကြမယ်လို့ ချိန်းပါတယ်။ နီနီကတော့ ပရိသတ်အားလုံးက အမေတွေကို သတိရသွားမှာပဲလို့ မှတ်ချက်ပေးပါတယ်။ ကျားပေါက် က မန္တလေးက အနုပညာရှင်ကြီး ဦးဘိုတောက်နဲ့ “ငွေစိုး” တို့ ပုံစံဆင်တူတယ်လို့ ချီးကျူးပါတယ်။
 

Rock သီချင်းတွေကိုမှ သီဆိုဖို့ ပိုပြီးအာသီသရှိတဲ့ ပြည့်စေမောင် ကလည်း ဒီညမှာ သူအဆိုချင်ဆုံးသီချင်းဖြစ်တဲ့ “ဝေးပြီဘေဘီ” သီဆိုခွင့်ရခဲ့ပါတယ်။
“ဝေးပြီဘေဘီ” က Rock သီချင်းဖြစ်ပေမယ့် နူးနူးညံ့ညံ့လေးနဲ့ ဆိုရတဲ့ သီချင်းပုံစံမျိုးဖြစ်ရယ်၊ အကွေ့အဝိုက် အဆွဲအငင် အတက်အဆင်းတွေများတာရယ်ကြောင့် ဒီသီချင်းကို ပြည့်စေမောင်တစ်ယောက် အတော်လေးကြိုးစားပြီး ကျော်ဖြတ်ခဲ့ရပါတယ်။

 

နီနီခင်ဇော်က သူဆိုနေချိန်မှာ ရောက်မှရောက်ပါ့မလားလို့ စိုးရိမ်စွာနဲ့ကြည့်နေခဲ့ရတယ်လို့ ဆိုပါတယ်။
ကျားပေါက်ကလည်း ဒီနေ့သီဆိုမှုအပေါ် သိပ်အားမရသလို နုတ်အကူးအပြောင်းတွေမှာလည်း မသပ်ရပ်သလို ကြားရတယ်လို့ ဆိုပါတယ်။


ရန်ရန်ချန်း အနေနဲ့ကတော့ ဒီသီချင်းက ကြိုက်ပြီးသား သီချင်းဖြစ်လို့ ဘာမှအထွေအထူး ပြောစရာမရှိခဲ့ပါဘူ။
လင်းလင်းက ကိုယ့်ရဲ့အသင်းဖြစ်တာကြောင့် အားမနာတမ်းပြောရရင် သီချင်းကို လေ့ကျင့်ပြင်ဆင်နေတဲ့ အချိန်က ပိုကောင်းတယ်၊ ဒီသီချင်းဟာ အားလုံးက ကြိုက်ပြီးသားသီချင်းဖြစ်တာကြောင့် အမှားမခံတဲ့ သီချင်းဖြစ်လို့၊ ဒီနေ့တော့မကြိုက်ဘူးလို့ ပွင့်လင်းစွာ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ရိုးသားဖြူစင်တဲ့ စိတ်နဲ့ ဂီတအလုပ်ကိုလုပ်နေတာဖြစ်လို့ ပြည့်စေမောင်ကို သဘောကျပါတယ်လို့ ဆက်ပြောခဲ့ပါတယ်။
 

Team Lynn အတွက် နောက်ဆုံး ယှဉ်ပြိုင်ရမယ့်သူကတော့ “Ce Ce” ဖြစ်ပါတယ်။ အဝေးဆုံးနေရာဖြစ်တဲ့ ချင်းတောင်တန်းတွေပေါ်ကနေ အနုပညာအတွက် The Voice Myanmar ကို အရောက်လာရင်း အခုဆိုရင် LIVE Show ဒုတိယအဆင့်တောင် တက်လှမ်းနိုင်ခဲ့သူပါ။

ကမ္ဘာကျော်သီချင်းတွေကိုမှ ရွေးပြီးသီဆိုတတ်တဲ့ “Ce Ce” က ဒီတစ်ခေါက်မှာလည်း Mariah Carey ရဲ့ “Hero” နဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီသီချင်းမှာ “Ce Ce” က အချို့နေရာတွေကို ပုံစံအသစ်တစ်မျိုးနဲ့ ဆိုပြသွားတာကို တွေ့ရပါတယ်။ အားအင်အပြည့်နဲ့ သီဆိုရတဲ့ သီချင်းအခက်တစ်ပုဒ်ကို “Ce Ce” က လှလှပပလေး သယ်ဆောင်သွားနိုင်ခဲ့ပါတယ်။


သူမရဲ့ သီဆိုမှုကို ကျားပေါက်ကတော့  ကြိုက်တယ်လို့ မှတ်ချက်ပေးခဲ့ပေမယ့် နီနီခင်ဇော်ကတော့ ဒီသီချင်းကို သူကိုယ်တိုင်ဆိုရင်တောင် ဆိုဖို့ခက်ခဲပါတယ်၊ အခု စီစီက စီစီရဲ့ ပုံစံနဲ့ပြောင်းပြီး ဆိုသွားနိုင်ပါတယ် သို့သော် Mariah Carey ဆိုထားတာကို ပိုကြိုက်ပါတယ်လို့ မှတ်ချက်ပြုပါတယ်။

ရန်ရန်ချန်းကတော့ အမှားအယွင်း အနည်းငယ်ရှိတာကလွဲရင် ကောင်းပါတယ်လို့ ဆိုပါတယ်။
ကျန်းမာရေး အတော်လေး နေထိုင်မကောင်းတဲ့ကြားကနေ ဒီသီချင်းကို ရအောင်ဆိုနိုင်တာကို အသိမှတ်ပြုတဲ့ အကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

Team Lynn မှာ နောက်တစ်ဆင့် ဘယ်သူတွေ တက်သွားမလဲဆိုတာ ဆုံးဖြတ်ရမယ့်အချိန် ရောက်လာပြန်ပါပြီ။
ဒီနေ့ညမှာတော့ ပရိသတ်အားပေးမှုအများဆုံး မဲရလဒ်နဲ့ “ငွေစိုး” က တက်ရောက်သွားခဲ့ပါတယ်။

ပြည့်စေမောင် ၊ Ip Shen Paung ၊ Ce Ce တို့ ထဲက တစ်ယောက်ကို လင်းလင်းအနေနဲ့ ရွေးချယ်ရမှာပါ။
ကိုလင်းလင်း ဆုံးဖြတ်ထားပြီးပုံရပါတယ် “ကဲ..ရွေးမယ် တီးလုံးဖွင့်တော့” လို့တောင် ပြန်တိုက်တွန်းလိုက်ပါသေးတယ်။ သူတို့အားလုံးရဲ့ မျက်နှာကို နောက်ဆုံးတစ်ခါပြန်ကြည့်ပြီး “ပေါင်းပေါင်း” လို့ ပြောကာ “Ip Shen Paung” ကို ရွေးချယ်ခဲ့ပါတယ်။

The Voice Myanmar ရဲ့ LIVE Show စတုတ္ထညကတော့ ပရိသတ်တွေနဲ့ နည်းပြတွေ ရင်ဘတ်ခြင်းတူတယ်လို့ ပြောလို့ရနိုင်ပါတယ်။
အခုဆိုရင် The Voice Myanmar မှာ ပြိုင်ပွဲဝင် အားလုံးပေါင်း (၈)ဦးသာ ကျန်ရှိပါတော့တယ်။ လာမယ့် မေလ ၂၇ ရက် တနင်္ဂနွေနေ့မှာတော့ သူတို့ (၈)ဦးထဲက (၄) ဦးသာ Final ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဘယ်သူတွေ Final ရောက်မလဲ ဘယ်သူတွေ နှုတ်ဆက်ခွဲခြာကြရဦးမလဲဆိုတာ တနင်္ဂနွေနေ့ ည ၉ နာရီ MRTV 4 ရုပ်သံကနေ စောင့်မျှော်ကြည့်ရှုကြပါဦး။

The Voice Myanmar ရဲ့ လှုပ်ရှားမှုတွေ အားလုံးကို Official Facebook Page ဖြစ်တဲ့ www.facebook.com/thevoicemyanmar ကို LIKE လုပ်ထားပြီး ဖတ်ရှုနိုင်သလို YouTube ဖြစ်တဲ့ www.youtube.com/thevoicemyanmar မှာလည်း ထုတ်လွှင့်ပြသမှု ရုပ်သံဗီဒီယိုများအားလုံးကို တစ်စုတစ်စည်းထဲ ကြည့်ရှုနိုင်ပါတယ်။
 

News