News

မနေ့ညက အားလုံးကို အမေးဇင်း လုပ်လိုက်တဲ့ “ရန်ရန်ချန်း” လေးစားတယ်

11 Mar 2019

1 Views


The Voice Myanmar ရဲ့ Blind Audition တတိယညမှာ ပရိသတ်တွေအားလုံး “ဝိုး” ဆိုပြီး အရမ်းအံ့သြခဲ့ရတဲ့ အဖြစ်ပျက်တစ်ခု ရှိခဲ့ပါတယ်။ လုံးဝ ထင်မှတ်မထားတဲ့အချိန်မှာ နည်းပြ “ရန်ရန်ချန်း” က အမှတ်မထင် လုပ်ပြခဲ့တာလည်းဖြစ်ပါတယ်။
 
ပရိသတ်တွေသာမက အခြားနည်းပြ ၃ ဦးကပါ “ဘယ်လိုလုပ်လိုက်တာလဲ..?” ဆိုပြီး အံ့သြသွားရပါတယ်။ ရုပ်သံကနေ ကြည့်နေတဲ့ ပရိသတ်တွေလည်း အံ့သြသွားမှာအမှန်ပါပဲ။
မနေ့ညက တတိယမြောက် ပြိုင်ပွဲဝင် “Grin Go” ရဲ့ အလှည့်မှာဖြစ်ပါတယ်။ ရွှေဘိုမြို့က သတ္တုတွင်း လုပ်သားလေး “Grin Go” ဟာ သူငယ်ချင်းတွေအားလုံးရဲ့ တွန်းပို့မှုနဲ့ The Voice Myanmar ကို မရဲတရဲ လာရောက်ယှဉ်ပြိုင်ခဲ့သူပါ။
 
 
ဇော်ပိုင် ရဲ့ “မွေးရပ်မြေ” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး အသံကာလာ ဆိုပေါက်တွေကအစ မူရင်းအဆိုတော်နဲ့ အတော်လေး ဆင်တူနေတယ်လို့ နည်းပြတွေက ယူဆပြီး သူ့ကို ရွေးချယ်ဖို့ သင့်၊ မသင့် အတော်လေး စဉ်းစားရကြပ်ခဲ့ပါတယ်။ 
ဒီလိုနဲ့ သီချင်းဆုံးသွားပြီး တစ်ယောက်မှ ခုံလှည့်မလာတာကြောင့် “Grin Go” ဟာ စင်မြင့်ပေါ်က ပြန်ဆင်းသွားခဲ့ပါတယ်။ အဲဒီချိန်မှာ “ရန်ရန်ချန်း” က နောက်ဆုံးစက္ကန့်လေးမှာ ရအောင်နှိပ်ပြီး ခုံလှည့်လာခဲ့တဲ့အတွက် အားလုံး အံ့သြခဲ့ကြရတာဖြစ်ပါတယ်။
 
 
ဒီလိုအဖြစ်ပျက်မျိုးဟာ The Voice ရဲ့ နိုင်ငံတကာပြိုင်ပွဲ ဘယ်ပြိုင်ပွဲတွေမှာမှ မမြင်တွေ့ဘူးတဲ့ အဖြစ်ပျက်မို့ အားလုံးက အံ့အားသင့်ခဲ့ရပါတယ်။ စင်အောက်ကို ရောက်နေပြီဖြစ်တဲ့ “Grin Go” ကို စင်ပေါ်တက်ဖို့ ပြန်ဖိတ်ခေါ်ခဲ့ရပါတယ်။ 
 
 
ဘယ်လိုပဲ ဖြစ်ဖြစ် “Grin Go” အနေနဲ့ ကံထူးတယ်လို့ ဆိုရမှာဖြစ်သလို “ရန်ရန်ချန်း” အနေနဲ့လည်း ဒီထက် စက္ကန့်ဝက်လောက်သာ နောက်ကျခဲ့ရင် “Grin Go” ကို လက်လွှတ်လိုက်ရလို့ နောင်တရသွားနိုင်ပါတယ်။ မနေ့ညက “ရန်ရန်ချန်း” ရဲ့ လုပ်ကွက်က တစ်ကယ့်ကို အမေးဇင်းပါပဲ..။ လေးစားပါတယ်ဗျာ..။

News