News

The X Factor Myanmar ရဲ့ ရင်ခုန်စရာ Result Show ည

1 Oct 2017

1 Views

The X Factor Myanmar Category အသီသီးမှ ပြိုင်ပွဲ ၁၂ ဖွဲ့ရဲ့ “This is Me” theme နဲ့ သီဆိုယှဉ်ပြိုင်မှုကို စနေနေ့ညက အပြိုင်အဆိုင် သီဆိုသွားခဲ့ပြီးနောက် ရင်ခုန်စရာကောင်းတဲ့ တနင်္ဂနွေ Result show ညကို ရောက်လာခဲ့ပါတယ်။


Result Show ညရဲ့ အဖွင့်မှာ အထူးဧည့်သည်အဆိုရှင်အဖြစ် The X Factor Myanmar Season 1 ရဲ့ ဒိုင်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့တဲ့ အိမ့်ချစ်က (အိမ့်ချစ်ဟုခေါ်သည်၊ အောင်မြင်မှု၏နောက်ကွယ်) တေးသီချင်း နှစ်ပုဒ်နဲ့ သီဆိုဖျော်ဖြေသွားခဲ့ပြီး ပြိုင်ပွဲဝင်များအားလုံးကို အားပေးစကားပြောကြားသွားခဲ့ပါတယ်။


အဲဒီနောက်မှာတော့ ဒိုင်လူကြီးမင်း ၄ ဦးနဲ့အတူ ပြိုင်ပွဲဝင် အဖွဲ့ ၁၂ ဖွဲ့ကို စင်ပေါ်ခေါ်ယူခဲ့ပြီးနောက် ပရိတ်သတ်ကပေးပို့လာတဲ့ မဲခွဲဆုံးဖြတ်ခဲ့ရာ နောက်ဆုံးတွင် ကိုဇဝါရဲ့ အဖွဲ့မှ “The Girls Better” နဲ့ ကိုစည်သူလွင်၏ အဖွဲ့မှ “သဲထူး” တို့ နှစ်ဖွဲ့နောက်ဆုံး ကျန်ခဲ့ပြီး The X Factor ရဲ့ စည်းမျဉ်းအတိုင်း ဒိုင်လူကြီးမင်းများရဲ့ Save (ကယ်တင်မဲ) အတွက် သီချင်းတစ်ပုဒ်စီ ပြနိလည်သီဆို ယှဉ်ပြိုင်ခဲ့ကြရပါတယ်။


The Girls Better က “Message” သီချင်း၊ သဲထူးက “ရန်သူတော်ခြောက်ပါး” သီချင်းတို့နဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာ ဒိုင်လူကြီး စည်သူလွင်၊ ဇမ်နူး၊ ငယ်ငယ် တို့ရဲ့ ရွေးချယ်မှုနဲ့ သဲထူးက ပြိုင်ပွဲနောက်တစ်ဆင့် တက်သွားခဲ့ပြီး The Girls Better ကတော့ အိမ်ပြန်ခဲ့ရပါတယ်။


အဖွဲ့ ၁၁ ဖွဲ့သာ ကျန်တော့တဲ့ The X Factor Myanmar ပြိုင်ပွဲတွေ နောက်တစ်ပတ်မှာ ဘယ်လိုပုံစံမျိုးနဲ့ ယှဉ်ပြိုင်ပြီး ဘယ်သူတွေက ပြိုင်ပွဲနောက်အဆင့်ကို တက်သွားဦးမလဲဆိုတာ လာမယ့် စနေ နဲ့ တနင်္ဂနွေ ည ၇:၄၅ မိနစ်မှာ MRTV-4 ရုပ်သံလိုင်းကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

News