News

X Factor ရဲ့ အပြိုင်အဆိုင် Y2K ည

8 Oct 2017

3 Views

X Fator Myanmar ပရိသတ်တွေအတွက်ကတော့ စနေ၊ တနင်္ဂနွေ ပိတ်ရက်တိုင်းက သိပ်ရင်ခုန်စရာ ကောင်းပါတယ်။ စနေနေ့မှာ ရင်ခုန်သံတွေ စတင်တဲ့နေ့ဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ ရင်ခုန်သံတွေဝုန်းဒိုင်း ကြဲရင်း Result Show ကို ရင်တခုန်ခုန်နဲ့ စောင့်ကြည့်ရတာမျိုးပါ။ Result ထွက်လာရင်တော့ ကိုယ် Voting ပေးခဲ့တဲ့ ပြိုင်ပွဲဝင်က နောက်တစ်ပတ်အတွက် ဆက်လက်ရှိနေဦးမယ်ဆိုရင် ပျော်ကြရပြီး ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ရရင်လည်း ပြိုင်ပွဲဝင်နဲ့ အတူ ထပ်တူဝမ်းနည်းရတာမျိုးဆိုတော့ X Factor Myanmar ပရိသတ်တွေ အတွက်တော့ စနေ၊ တနင်္ဂနွေက ရသပေါင်းစုံကို ခံစားရမှာပါ။

 

ဒီတစ်ပတ် X Factor Myammar မှာတော့ ပြိုင်ပွဲဝင်တွေက ပရိသတ်တွေကို ၂၀၀၀ ပြည့်နှစ်တွေဆီ ပြန်လည်ရောက်သွားသလို ခံစားရစေခဲ့တဲ့ Y2K Week ပဲဖြစ်ပါတယ်။ စနေနေ့ Y2K Week ရဲ့ ပထမနေ့မှာ ပြိုင်ပွဲဝင် ဆယ့်တစ်ယောက်က အကောင်းဆုံး ယှဉ်ပြိုင်သီဆိုခဲ့ကြပြီး ဒိုင်လူကြီးတွေကလည်း ပြိုင်ပွဲဝင်တွေရဲ့ ယှဉ်ပြိုင်မှုတွေကို အားရကျေနပ်ခဲ့ကြပါတယ်။

Y2K ခေါင်းစဉ်အောက်မှာ သဲထူး SMS voting အမှတ် (X02) က "စားမှာပဲ" သီချင်းနဲ့ ပထမဦးဆုံး သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။

ကျော်ဇင်သန့် (X12) ကလည်း "မဆုံသောလမ်း" သီချင်းနဲ့ ပရိသတ်ရင်ထဲကို အရောက်လှမ်းနိုင်ခဲ့ပါတယ်။

"စွဲလမ်းမှုပြဿနာ" သီချင်းကို ကြက်သီးထလောက်အောင် သီဆိုသွားခဲ့တာကတော့ ပြိုင်ပွဲဝင် M.Ja Seng Mai (X07) ဖြစ်ပါတယ်။

ပရိသတ်ကိုယ်တိုင် အဖွဲ့နာမည်ပေးခွင့်ရခဲ့တဲ့ B4X (X04) က "ဒီကချစ်လိုက်ရတာ" သီချင်းကို ဟန်ချက်ညီညီ သီဆိုသွားနိုင်ခဲ့ပါတယ်။

"နေမဝင်အလွမ်းများ" နဲ့ Purity (X09) က ပရိသတ်လက်ခုတ်သံတွေ ဆူညံသွားခဲ့ရပါတယ်။

သီချင်းအေးအေးလေးတွေကို အသံချိုချိုလေးနဲ့ သီဆိုတတ်တဲ့ G Minor (X10) က "ကလေးရေ" သီချင်းကို သရုပ်ပြတင်ဆက်မှုနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။

နော်လင်းချစ် (X01) ရဲ့ သီဆိုယှဉ်ပြိုင်မှုကလည်း ထူးခြားပါတယ်။

"မိုး" သီချင်းနဲ့ David Derrick (X11) က ထူးထူးခြားခြား မြိုင်မြိုင်ဆိုင်ဆိုင် ယှဉ်ပြိုင်ခဲ့ပြန်ပါတယ်။

အမြဲတမ်းစိတ်ခံစားမှုအရိပ်တွေ စိုးမိုးနေတဲ့ ယမုံ (X03) ကလည်း သူမရဲ့ စတိုင်လ်အတိုင်း အသံပါဝါ အားကောင်းကောင်းနဲ့ "အလွမ်းများငြိမ်းစေသတည်း" သီချင်းနဲ့ ပြိုင်ပွဲဝင်ခဲ့ပါတယ်။

အသက် (၁၈) နှစ်သာရှိသေးတဲ့ မယ်လိုဒီခေါင် (X08) က နောက်ဆုံးယှဉ်ပြိုင်သူအဖြစ် သီဆိုယှဉ်ပြိုင်သွားခဲ့ပါတယ်။

ပြိုင်ပွဲဝင်တွေ သီဆိုယှဉ်ပြိုင်သွားတဲ့ သီချင်းအားလုံးက ၂၀၀၀ ခုနစ်တုန်းက အောင်မြင်ခဲ့တဲ့ သီချင်း လေးတွေ ဖြစ်နေတာကြောင့် ဒီ Y2K Week ကတော့ X Fator Myanmar ပရိသတ်တွေအတွက် ပြိုင်ပွဲဝင်တွေကို အားပေးတဲ့ရင်ခုန်သံအပြင် ငယ်ငယ်တုန်းက အဖြစ်အပျက်လေးတွေကိုပါ လွမ်းဆွတ်တမ်းတ မိတဲ့ ရင်ခုန်သံအဟောင်းလေးတွေကိုပါ တပြိုင်နက်ခံစားခဲ့ရလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

            ဒီနေ့ည Voting မပိတ်ခင် စနစ်တကျ Vote လုပ်ရင်း လာမယ့် Result Show ကို အတူတူ စောင့်ကြည့်ရင်း ရင်ခုန်ကြရအောင်နော်။

Voting ပေးမယ်ဆိုရင်တော့ MPT - 8606, Telenor - 6666 နဲ့ ooredoo - 6002 တို့ကို SMS Voting ပေးပို့လို့ပြီး www.facebook.com/xfactormyanmar မှာလည်း Vote လုပ်လို့ရပါတယ်။

News