News

B4X ကို နှုတ်ဆက်ခဲ့တဲ့ “Most Requested” Result Show ည

15 Oct 2017

6 Views

တနင်္ဂနွေ Result Show ညက တော်တော်မှ ရင်ခုန်သံတွေ ဆူညံခဲ့ကြရဲ့လား..?

အဆိုတော် G Fatt က ကျွန်တော် တစ်ယောက်ပဲ သတ်ချင်တယ်လို့ပြောပြီး သီဆိုဖျော်ဖြေမှုများနဲ့အတူ ပရိသတ်လက်ခုတ်သံတွေနဲ့ Result Show ညက ပိုပြီးပြည့်စုံ လှပခဲ့ပါတယ်။

Result Show ညရဲ့ စအဖွင့်မှာတော့ X Factor Myanmar ရဲ့ထုံးစံအတိုင်း တေးရေး - စောဘွဲ့မှူး ရေးထားတဲ့ “မှားတဲ့ဘက်မှာ” ဆိုတဲ့ သီချင်းကို ပြိုင်ပွဲဝင်ဆယ်ယောက်လုံးက Group Song တစ်ခုအဖြစ်  တက်ညီလက်ညီနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

 

Group Song အပြီးမှာတော့ ပရိသတ်ကြီး အသည်းကျော် အဆိုတော် G Fatt က သူကိုယ်တိုင် ရေးစပ်ထားတဲ့ “ထာဝရထက် တစ်ရက်ပို” “တစ်ယောက်ပဲသတ်ချင်တယ်” ဆိုတဲ့ သီချင်းနှစ်ပုဒ်နဲ့ သီဆိုဖျော်ဖြေ ပေးခဲ့ပြီး အားပေးစကားလည်း ပြောကြားခဲ့ပါတယ်။

 

အဲ့နောက်မှာတော့ X Factor Myanmar ရဲ့ ရင်ခုန်စရာအကောင်းဆုံးအပိုင်းဖြစ်တဲ့ Voting Result တွေကို ကြေငြာတဲ့ အပိုင်းရောက်လာခဲ့ပါတယ်။ အားလုံးကြေငြာ အပြီးမှာတော့ Purity နဲ့ B4X တို့က Voting အနည်းဆုံးဖြစ်သွားခဲ့ပြီး Buttom ထိုင်ခဲ့ရပြန်ပါတယ်။ အဲဒီအချိန်က ပြီးခဲ့တဲ့ အပတ်ကလည်း Buttom ထိုင်ခဲ့ ရတဲ့  Purity အတွက်တော့ အရမ်းစိတ်လှုပ်ရှားနေခဲ့မှာပါ။

 

ဒါပေမယ့်လည်း ပြိုင်ပွဲရဲ့ စည်းကမ်းအတိုင်း Buttom ရောက်တဲ့ လူတွေက Saving အတွက် သီချင်း ကိုယ်စီနဲ့ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ B4X အဖွဲ့က တေးရေး - ဝေလရေးထားတဲ့ “အနီးဆုံးရန်သူ” ။

 

Purity က တေးရေး - Shontelle ရေးထားတဲ့ “Impossible” သီချင်းတို့ကို သီဆိုရင်း အကောင်းဆုံးဖြစ်အောင် ဆက်လက်ကြိုးစားယှဉ်ပြိုင်ခဲ့ကြပါတယ်။

 

နောက်ဆုံး ဒိုင်လူကြီးတွေရဲ့ Saving ကိုတော့ မဇန်နူး၊ မငယ်ငယ် နဲ့ ကိုစည်သူလွင်တို့ ဆီကနေ မဲသုံးမဲအပြတ်အသတ်ရခဲ့ပြီး အသံပါဝါကောင်းတဲ့ Purity က နောက်တစ်ပတ်ကို တက်လှမ်းခွင့် ထပ်မံရရှိခဲ့ ပြန်ပါတယ်။

Buttom ကို နှစ်ပတ်ဆက်တိုက် ထိုင်ခဲ့ရလို့ အရမ်းစိတ်လှုပ်ရှားနေပေမယ့်လည်း ကိုယ်သီဆိုတဲ့ သီချင်းကို ပိုင်ပိုင်နိုင်နိုင်သီဆိုပြီး Saving ကို ရယူနိုင်ခဲ့တဲ့ Purity အတွက်လည်း Purity ပရိသတ်တွေနဲ့ထပ်တူ Popolay မှ ဂုဏ်ယူပျော်ရွှင်မိပါတယ်။

ဒီတစ်ပတ်တော့ ပြိုင်ပွဲကနေထွက်ခွာခဲ့ရတဲ့ ဆရာဇ၀ါ သံယောဇဉ်အကြီးခဲ့ရဆုံး B4X အဖွဲ့သားတွေ အတွက်  B4X ရဲ့ ပရိသတ်ကြီးလည်း အင်မတန်မှကို စိတ်မကောင်းဖြစ်ခဲ့ကြမယ် ထင်ပါတယ်။ B4X အဖွဲ့သား တွေလည်း ဆရာဇဝါဆုတောင်းပေးခဲ့သလိုပဲ အနာဂတ်မှာ ဆက်လောက် တောက်ပလာမယ့် ကြယ်ပွင့်တွေ အမြန်ဆုံး ဖြစ်လာပါစေလို့ Popolay ကနေဆုတောင်းပေးလိုက်ပါတယ်။ B4X ရဲ့ ရှေ့ဆက်လျှောက်လှမ်းမယ့် ခရီးလမ်းမှာလည်း B4X ရဲ့ ပရိသတ်ကြီးကလည်း ဆက်လက်ရှိနေဦးမယ်လို့ ယုံကြည်ပါတယ်။

 

X Factor Myanmar ရဲ့ ပရိသတ်ကြီးလည်း နောက်တစ်ပတ်မှာလည်း အခုကျန်ရှိနေခဲ့တဲ့ ပြိုင်ပွဲဝင် ကိုးယောက်က ဘယ်လိုသီချင်းမျိုးတွေ ဘယ်လိုမျိုး Performance တွေနဲ့ အကောင်းဆုံးဆက်လက်ယှဉ်ပြိုင် သွားကြမယ်ဆိုတာ ဆက်ပြီး စောင့်ကြည့်အားပေးကြရအောင်နော်။

 

News