News

Audition ကနေ နောက်တဆင့် တက်သွားပြီ ဖြစ်တဲ့ The X-Factor Myanmar

27 Sep 2018

1,304 Views

The X-Factor Myanmar ပရိသတ်ကြီးရေ ဒီတစ်ပတ်ရဲ့ စနေ၊ တနင်္ဂနွေ နေ့မှာလာမယ့် အပိုင်း ၅ နဲ့ ၆ ကို တော့ ပုံစံ နောက်တစ်မျိုးအနေနဲ့ တွေ့ရတော့ မှာပါ ။ အစီအစဉ်ကြီး မလာခင် ဒီအချက်လေး တွေကို သိထားတော့ ပိုကြည့်လို့ ကောင်းတာပေါ့နော် ။ 
 
ဒီအပတ်မှာတော့ The X-Factor Myanmar အစီအစဉ်ကို လာရောက်ယှဉ်ပြိုင် ကြတဲ့ ပြိုင်ပွဲဝင်များစွာထဲကမှ Judges Audition အဆင့်ကိုဖြတ်ကျော်လာနိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် (၁၁၂) ယောက်ဟာဆိုရင်ဒီတစ်ခေါက်မှာလည်း ခက်ခဲတဲ့ အခြား ယှဉ်ပြိုင်မှုတစ်ခုနဲ့ ကြုံတွေ့ရမှာပါ။ 
 
ပရိသတ်ကြီး တို့သိကြတဲ့ အတိုင်းပဲပြိုင်ပွဲဝင်တွေဟာ အကဲဖြတ်ဒိုင်လူကြီးတွေဖြစ်ကြတဲ့ ကိုဇဝါ ၊ ကိုဂရေဟမ်၊ မဇမ်နူးနဲ့မLဆိုင်းဇီ တို့ဆီမှ အနည်းဆုံး 3Yes နဲ့ အထက်ရွေးချယ်ခံထားရတဲ့ သူတွေဟာဆိုရင် ဒီတစ်ပတ် မှာလာမယ့် အပိုင်း ၅ နဲ့ ၆ မှာ အဆင့် ၂ ဆင့်နဲ့ ယှဉ်ပြိုင်သွားရမှာပါ ။ 
 
၁။ ပထမအဆင့်မှာတော့ ပြိုင်ပွဲဝင်တွေကို Boys,Girls, Overs and Groups ဆိုပြီး Categories တွေအသီးသီးခွဲလိုက်ပါတယ်။ပြိုင်ပွဲဝင်တွေဟာကိုယ်ရောက်ရှိနေတဲ့ကိုယ့်ရဲ့ Category ကိုဘယ်ဒိုင်လူကြီးမင်းကကိုင်တွယ်သွားမလဲဆိုတာကိုမသိကြသေးပါဘူး ။ ကိုယ့်ရဲ့ဒိုင်လူကြီးထွက်လာပြီးမှ အခြားပြိုင်ပွဲဝင်တွေရှေ့မှောက်မှာ တစ်ယောက်ချင်းစီ နောက်ခံတေးမပါပဲ သီချင်းဆိုပြရမှာ ဖြစ်ပါတယ်။ 
 
၂ ။ ဒုတိယအဆင့်မှာတော့ ထိုင်ခုံခြောက်ခုံပေးထားပြီး အဖွဲ့ထဲမှာ အကောင်းဆုံးသူတွေပဲ ထိုင်ခွင့်ရမှာလဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲဝင်တွေကသူတို့ရဲ့ အကောင်းဆုံး သီဆိုယှဉ်ပြိုင်မှုတွေကို ပြဖို့အတွက် အချိန် ၁၂၀ စက္ကန့် ( ၂ မိနစ် ) ပဲရရှိမှာဖြစ်ပါတယ် ။
 
ကဲ ဘယ်သူတွေက ဒီထိုင်ခုံတွေမှာ နေရာရသွားနိုင်မလဲ။ ဘယ်သူတွေကကော နှုတ်ဆက်ရမလဲ ဆိုဒါတွေကိုတော့ ဒီတစ်ပတ်အားလပ်ရက်ဖြစ်တဲ့ စနေနဲ့တနင်္ဂနွေနေ့ ည(၉)နာရီအချိန် MRTV-4 channel မှာပြသမယ့် The X-Factor Myanmar အစီအစဉ်မှာ စောင့်ကြည့်အားပေးနိုင်ကြပါတယ် ။
 
On Air Time - Every Saturday and Sunday ( 9:00 PM )
MRTV-4 Free to Air Channel
#MRTV4
#TheXFactorMyanmar
#BootCamp

News