News

ဝမ်းနည်းမှုရော ပျော်ရွှင်မှုရော ရောထွေးခံစားခဲ့ရတဲ့ Y2K Week ရဲ့ Result Show ည

9 Oct 2017

1 Views

ဘယ်လိုလဲ X Factor ပရိသတ်ကြီးရေ…. တနင်္ဂနွေည Result Show ကမျှော်လင့်ထားတဲ့ အတိုင်း ပျော်ရွှင်ခဲ့ရဲ့လား….?

အခု PoPoLay ကနေပြီး တနင်္ဂနွေနေ့ည Result Show ကို အကြောင်းအမျိုးမျိုးကြောင့် မကြည့်ဖြစ်လိုက်တဲ့ X Factor Myanmar ရဲ့ Y2K Week ဒုတိယနေ့ Result Show ကို မကြည့်လိုက်ရတဲ့ ပရိသတ်တွေအတွက် ပြန်ဝေမျှလိုက်ပါတယ်။

            Result Show ရဲ့ အဖွင့်မှာတော့ ထုံးစံအတိုင်း ပြိုင်ပွဲဝင်တွေအားလုံးက “ချစ်သောကမ္ဘာမြေ”  သီချင်း ကို အကောင်းဆုံး Performance တွေနဲ့ အတူ ပရိသတ်ကြီးကို ဖျော်ဖြေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Y2K Week ရဲ့ အဓိက ရည်ရွယ်ချက်ကိုက ပရိသတ်ကြီးကိုပါ 2000 ပြည့်နှစ်တွေဆီကို ပြန်လည်ခေါ်သွားဖို့ဆိုတော့ 2000 ခုနစ်ဝန်းကျင်တုန်းက ပျိုပျိုမေတို့ရဲ့ အသည်းစွဲ ဖြစ်သလို လူငယ်တိုင်းရဲ့ နှုတ်ဖျားမှာ အမြဲလိုလို ကြားရတတ်တဲ့ “ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ…. ကမ္ဘာတည်သရွေ့ ချစ်နေမယ်…. ငါအချစ်တို့ ယုံပါကွယ်…” ဆိုတဲ့ သီချင်းစာသားလေးရဲ့ ပိုင်ရှင် TOO BIG အဖွဲ့ကလည်း DJရဲ့ဘ၀၊ ထာဝစဉ် ဆိုတဲ့ သီချင်းနှစ်ပုဒ်နဲ့ ပရိသတ်ကြီးကို ဖျော်ဖြေရင်း ပြိုင်ပွဲတွေကိုလည်း အားပေးစကား ပြောသွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ပရိသတ်ကြီးကပေးပို့ထားတဲ့ SMS နဲ့ Online Voting တွေကနေပြီး နောက် တစ်ပတ် ဆက်လက်ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲဝင်တွေကို ကြေငြာခဲ့ပါတယ်။ အဲဒီမှာ စိတ်မကောင်းစွာနဲ့ပဲ ပြိုင်ပွဲဝင် M.ဂျာဆိုင်းမိုင်နဲ့ Purity တို့က Buttom ထိုင်ရပြီး Save အတွက် ဆက်လက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

M.ဂျာဆိုင်းမိုင်က “ပို၍လှသောမနက်ဖြန်"၊ Purity ကတော့ “သီချင်းလက်ဆောင်” စတဲ့ သီချင်းတွေနဲ့ သီချင်းနဲ့ အကောင်းဆုံးဆက်လက် ယှဉ်ပြိုင်ခဲ့ပါတယ်။

            နောက်ဆုံးအနေနဲ့ Buttom ထိုင်ရတဲ့ ပြိုင်ပွဲဝင်နှစ်ယောက်ကို ဒိုင်လူကြီးလေးဦးက Save လုပ်ရာ မှာ ပြိုင်ပွဲဝင်နှစ်ယောက်လုံးက တစ်ယောက်နှစ်မဲစီ အတူတူဖြစ်နေတာကြောင့် ပရိသတ်တွေရဲ့ မဲရလဒ်ကို ထပ်မံခွဲခဲ့ရာ စိတ်မကောင်းစွာနဲ့ပဲ M.ဂျာဆိုင်းမိုင်က ပြိုင်ပွဲကနေထွက်ခွာခဲ့ရပါတယ်။

Saving ရခဲ့တဲ့ Purity ရဲ့ ပရိသတ်တွေနဲ့ ဆက်လက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ပြိုင်ပွဲဝင်တွေရဲ့ ပရိသတ်တွေအားလုံး အတွက်တော့ အခုတစ်ပတ် Y2K Week က ပျော်ရွှင်စရာ ရင်ခုန်စရာကောင်းတဲ့ Result လေးဖြစ်ခဲ့မယ်ထင်ပါတယ်။

            နောက်တစ်ပတ်မှာလည်း ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင် ဆယ်ယောက်က ဘယ်လို ခေါင်းစဉ်မျိုးနဲ့ အကြိတ် အနယ် ဆက်လက်ယှဉ်ပြိုင်သွားကြမလဲဆိုတာက ကြိမ်းသေစောင့်မျှော်ကြည့်ရှု အားပေကြရအောင်နော်။

News