News

ပြိုင်ပွဲဝင်နေတာလား Concert Show လား ဝေခွဲရခက်သွားတဲ့ Most Requested ည

15 Oct 2017

1 Views

X Factor ရဲ့ Live Show တတိယအပတ် ယှဉ်ပြိုင်မှုကတော့ ဘယ်လိုတွေလားလို့  အံ့အားသင့်ရလောက်အောင်၊ ပြိုင်ပွဲဝင်အားလုံးကို “မိုက်တယ်” “မိုက်တယ်လို့” ခဏ ခဏ ရေရွတ်မိတဲ့ထိပါပဲ။

ဒီတစ်ပတ် X Factor ရဲ့ ပြိုင်ပွဲခေါင်းစဉ်က ရေဒီယိုမှာ တောင်းဆိုမှုအများဆုံးသီချင်းတွေနဲ့ ယှဉ်ပြိုင် ရတဲ့ “ Most Requested” Week ဆိုတော့ သီချင်းအားလုံးက ထွက်ကတည်းက ပရိသတ်ရင်ထဲ အပြည့်အ၀ ရောက်ပြီးသားဆိုတော့ ပြိုင်ပွဲဝင်တွေအနေနဲ့ သီဆိုယှဉ်ပြိုင်တဲ့အခါမှာ ပရိသတ်တွေ ရင်ကိုထိမှန်အောင် သီဆိုယှဉ်ပြိုင်ရတာမလို့ ပိုတာဝန်ကြီးပါတယ်။

 

 ပြိုင်ပွဲဝင် David Derrick (X11) က မူရင်းအဆိုတော်ရဲ့ မူတွေဟန်တွေ လွှမ်းမိုးခြင်း အလျဉ်းမရှိဘဲ သူ့ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အသံနဲ့ တေးရေး - ဝေလရေးထားတဲ့ “လွယ်လွယ်လေးရခဲ့တော့” ဆိုတဲ့ သီချင်းနဲ့ ပထမဆုံး ယှဉ်ပြိုင်သီဆိုခဲ့ပါတယ်။

 

ဒုတိယအနေနဲ့ Purity (X09) က တေးရေး - အောင်ကိုမြင့်ရေးထားတဲ့ “ပုထုဇဉ်” တဲ့ သီချင်းကို ခံစား ချက်ကောင်းကောင်း Performance ကောင်းကောင်းနဲ့ ထပ်မံယှဉ်ပြိုင်ခဲ့ပါတယ်။

 

G Mine Nar (X10) က တေးရေး - ရေမွန်ရေးထားတဲ့ “တစ်ခန်းရပ်” ဆိုတဲ့သီချင်းနဲ့ ခံစားချက် အပြည့်အဝ နဲ့ ဆက်လက် ယှဉ်ပြိုင်ခဲ့ပါတယ်။

 

လင်းချစ် (X01) က တေးရေး - ကေအေတီရေးထားတဲ့ “ရက်စက်သွားသူ” ဆိုတဲ့သီချင်းကို ခံစားချက် အပြည့်အ၀နဲ့ သီဆိုယှဉ်ပြိုင်ခဲ့တယ်။

 

သဲထူး (X02) က တေးရေး - စောခူးဆဲရေးထားတဲ့ “အမြင့်ဆုံးမှာ” ဆိုတဲ့ သီချင်းကို ခံစားချက် အပြည့်နဲ့ ဆက်လက် ယှဉ်ပြိုင်ခဲ့ပါတယ်။

 

B4X (X04) က တေးရေး - ကမ္ဘာရေးထားတဲ့ “စာချွန်တော်” သီချင်းကို အရမ်းကောင်းတဲ့ Performance တွေ ကိုယ်စီလုပ်ရင်း ယှဉ်ပြိုင်ဖျော်ဖြေသွားပါတယ်။

 

မယ်လိုဒီခေါင် (X08) က တေးရေး - စန္ဒရားကွန်းဇော်ရေးထားတဲ့ “မောင်လူချော” ဆိုတဲ့ သီချင်းကို သိပ်ချစ်ဖို့ကောင်းတဲ့ အကလေးနဲ့ ယှဉ်ပြိုင်ဖျော်ဖြေသွားပြန်ပါတယ်။  ချစ်စရာကောင်းတဲ့ သူမရဲ့ သားငယ်လေးက အဖိုးဖြစ်သူနဲ့အတူ ပရိသတ်တွေကြားထဲမှာ တူတူလာရောက် အားပေးခဲ့တာကို တွေ့ရပါတယ်။

 

ယမုံ (X03) က တေးရေး - ဟန်ထူးလွင်ရေးထားတဲ့ အရှုံးထက်ပိုသော သီချင်းကို ခံစားချက်အပြည့် အဝနဲ့ လိုက်ဖက်တဲ့ Performance နဲ့အတူ ဆက်လက်ယှဉ်ပြိုင် ဖျော်ဖြေသွားပါတယ်။

 

ကျော်ဇင်သန့် (X12) က တေးရေး - ဟန်ထူးလွင်ရေးထားတဲ့ “Starry Night” ဆိုတဲ့ သီချင်းကို ခံစား ချက်အပြည့်နဲ့ ဆက်လက်ယှဉ်ပြိုင်ခဲ့ပါတယ်။

 

Oxygen (X06) က တေးရေး - ရွှေထူးနဲ့ G fatt ရေးထားတဲ့ “8Days 8Months 8Hours” ဆိုတဲ့ သီချင်းကို အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပြန်ပါတယ်။

 

ဒီ Most Requested ညလေးမှာ ပြိုင်ပွဲဝင်တွေ တကယ်ကြိုးစားယှဉ်ပြိုင်သွားတယ်မှန်း သိပ်သိသာ နေတာက သီချင်းအပေါ်မှာ ခံစားသက်ဝင်မှုနဲ့ လိုက်ဖက်လွန်းတဲ့ Performance တွေကြောင့်ပါပဲ။ ဒိုင်လူကြီး တွေကတော့ တချို့သောပြိုင်ပွဲဝင်တွေရဲ့ လွဲချော်သွားတဲ့ အားနည်းချက်လေးတွေကို သတိပေးစကား ပြောခဲ့ ကြပေမယ့် ဒိုင်လူကြီး လေးယောက်စလုံးက ပြိုင်ပွဲဝင်အားလုံးရဲ့ သီဆိုမှုတွေကို ကျေနပ်အားရခဲ့ကြပုံရပါတယ်။

 

ကျွန်မကတော့ ဘယ်သူ့ကိုပဲ ကြိုက်တယ်ဆိုပြီး အစွဲအလန်းမရှိဘဲ တစ်ပတ်မှာကိုယ်သဘောကျတဲ့ ပြိုင်ပွဲဝင်ကိုပဲ Voting ပေးတတ်တဲ့လူဆိုတော့ အားလုံးအမိုက်စားတွေ ဖြစ်နေတဲ့ Most Requested မှာ ဘယ်သူ့ကို Voting ပေးလို့ ပေးရမှန်းမသိအောင် ဝေခွဲရခက်သွားတယ်။

ဒီနေ့ (တနင်္ဂနွေ) Result Show ညမှာ ဘယ်ပြိုင်ပွဲဝင်တွေက နောက်တစ်ဆင့်တက်သွားပြီး ဘယ်တစ်ယောက်ကများ အိမ်ပြန်သွားရမလဲဆိုတာကို စိုးရိမ်စိတ်နဲ့အတူ သိချင်စိတ်က စောလို့နေပါတယ်။

Voting Line မပိတ်ခင်လေး ကိုယ်အားပေးတဲ့ပြိုင်ပွဲဝင် နောက်တစ်ပတ်အထိ ဆက်ရှိနေဖို့ Vote ပေးရမယ်လေ။

ပရိသတ်ကြီးလည်း Voting ပေးမယ်ဆိုရင်တော့ MPT - 8606, Telenor - 6666 နဲ့ ooredoo - 6002 တို့ကို SMS Voting ပေးပို့လို့ပြီး www.facebook.com/xfactormyanmar မှာလည်း Vote လုပ်လို့ရတယ်ဆိုတော့ ကိုယ်အားပေးတဲ့သူအတွက် SMS ရော Facebook မှာပါ Vote လုပ်ဖို့ တိုက်တွန်းပါရစေနော်..။

 

 

 

News