News

အနုပညာခွန်အားများနဲ့ နှစ်ကြိမ်တိုင် Bottom ကနေ ရုန်းထွက်နိုင်ခဲ့တဲ့ “Purity”

15 Oct 2017

1 Views

The X Factor Myanmar ရဲ့  တတိယအပတ် Result Show ညကတော့ ပြီးသွားပြန်ပါပြီ။ အပတ်စဉ်တိုင်းရဲ့ တနင်္ဂနွေနေ့ညမှာ ပြိုင်ပွဲဝင်တစ်ယောက် နှုတ်ဆက်ထွက်ခွာသွားခဲ့တာ အခုဆိုရင် ပြိုင်ပွဲဝင် (၉) ဦးသာ ကျန်ရှိပါတော့တယ်။


မနေ့ည(စနေနေ့)က “Most Requested” တောင်းဆိုမှုအများဆုံး သီချင်းခေါင်းစဉ်အောက်မှာ ယှဉ်ပြိုင်သွားကြတဲ့ ပြိုင်ပွဲဝင်များအားလုံးက စွမ်းရည်အမျိုးမျိုး ပြသသွားခဲ့ပေမယ့်လည်း ပြိုင်ပွဲစည်းကမ်းအရ Voting အနည်းဆုံးတစ်ဦးကတော့ အိမ်ပြန်ရမှာသေချာပါတယ်။


တတိယမြောက်အပတ် သုံးကြိမ် သုံးခါ ယှဉ်ပြိုင်မှုမှာ ထူးထူးခြားခြား နှစ်ကြိမ်တိတိ Bottom ထိုင်ခဲ့ရသူက “Purity (X09)” ပဲဖြစ်ပါတယ်။ ဒုတိယအပတ်တုန်းက “M ဂျာဆိုင်းမိုင်” နဲ့ အတူ Bottom ထိုင်ခဲ့ရပြီး ဒိုင်လူကြီးများရဲ့ မဲခွဲဆုံးဖြတ်မှုမှာ နှစ်မှတ်၊ နှစ်မှတ်တူညီနေတာကြောင့် နောက်ဆုံးမှာ ပရိသတ်မဲနဲ့ ဆုံးဖြတ်ခဲ့ရာမှာ မဲအသာနဲ့ နောက်တစ်ဆင့်ကို တက်ခဲ့သူဖြစ်ပါတယ်။


ယခုတတိယအပတ်မှာလည်း သူမအတွက် ဒုတ်ယအကြိမ် Bottom ထိုင်ဖို့ ဖြစ်လာခဲ့ပြန်ပါတယ်။ ပရိသတ် Voting အနဲဆုံး နှစ်ဖွဲ့အဖြစ် “B4X” အဖွဲ့နဲ့အတူ သီချင်းတစ်ပုဒ်နဲ့ ပြန်လည် ယှဉ်ပြိုင်ခဲ့ရပြန်ပါတယ်။

Bottom ထိုင်ခဲ့ရပေမယ့် သူကိုယ်သူ ယုံကြည်ချက်အပြည့်ရှိတဲ့ “Purity” ရဲ့ မျက်နှာဟာ Result တွေမကြေညာခင်ကထဲက ဝင်းပပြုံးချိုနေပါတယ်။ Bottom ထိုင်ရပြန်တော့လည်း သူမဟာ စိတ်အားငယ်တဲ့ အရိပ်အယောင် မပေါ်ခဲ့ပါဘူး။

“B4X” က ဝေလရဲ့ အနီးဆုံးရန်သူ သီချင်းနဲ့ ဖျော်ဖြေပြီးသွားတဲ့အခါ “Purity” က Impossible ဆိုတဲ့ သီချင်းကို အားမန်အပြည့်၊ အနုပညာစိတ်ဓါတ် အပြည့်နဲ့ ဖျော်ဖြေသွားခဲ့တာကို သူမရဲ့ မျက်နှာမှာ အထင်းသားတွေ့ခဲ့ပါတယ်။
 



ဒိုင်လူကြီးများ မဲခွဲဆုံးဖြတ်ခဲ့ရာမှာတော့ ပထမအကြိမ်တုန်းက “Purity” ကို အိမပြန်ပို့ချင်ပါတယ်ဆိုတဲ့ ကိုစည်သူလွင်အပါအဝင် ဒိုင်သုံးဦးလုံးက “Purity” ကို ရွေးချယ်ခဲ့တဲ့အတွက် နောက်ထပ်တစ်ဆင့်ကို တက်သွားနိုင်ခဲ့ပါတယ်။


ပြိုင်ပွဲဆိုတာ သီချင်းဆိုကောင်းရုံနဲ့ မလုံလောက်ပါဘူး၊ အခိုက်အတန့် အရေးနိမ့်သွားတဲ့အခါ စိတ်ဓါတ်ကြံခိုင်စွာနဲ့ ပြန်လည် ထူမတ်နိုင်ဖို့ကလည်း အလွန်အရေးပါပါတယ်။

ယခုတစ်ပတ်မှာတော့ Lynn Chit (X01) ၊ Thel Htoo (X02) ၊ Yamone (X03) ၊ Oxygen (X06) ၊ Melody Khong (X08) ၊ Purity (X09) ၊ G Mine Nar (X10) ၊ David Derrick (X11) ၊ Kyaw Zin Thant (X12) တို့ ၉ ဦး နောက်တစ်ဆင့်ကို ထပ်မံသွာခဲ့ပါတယ်။

လာမယ့်အပတ် စနေနေ့မှာလည်း ဒီပြိုင်ပွဲဝင်တွေ ဘယ်လို အကျိတ်အနယ် ယှဉ်ပြိုင်ကြပြီး တန္ဂင်္နွေ Result Show ညမှာ ဘယ်သူက အိမ်ပြန်ရတဲ့သူ ဖြစ်လာလိမ့်မလဲဆိုတာ MRTV 4 ချန်နယ်ကနေ စောင့်ကြည့်ကြပါဦး။
 

News