News

မြူမြူးကြွကြွ The X Factor Dance Week ည

22 Oct 2017

4 Views

မနေ့က X Factor Live ထုတ်လွှင့်မှုကို ကြည့်ဖြစ်လိုက်ကြသေးလား..?
ပြိုင်ပွဲအပတ်စဉ်တွေ တိုးလာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ အကောင်းဆုံးတွေချည်းသာ တင်ကျန်နေခဲ့တဲ့ X Factor ပြိုင်ပွဲရဲ့ ထုံးစံအတိုင်း ဒီတစ်ပတ်မှာလဲ ပြိုင်ပွဲဝင်တွေအတွက် ခက်ခဲတဲ့ ကပြတင်ဆက်မှုတွေနဲ့အတူ သီဆိုယှဉ်ပြိုင်ရတဲ့ Dance Week ကို ရင်ဆိုင်ခဲ့ကြရပါတယ်..


မနေ့ညက ပထမဦးဆုံးသီဆိုယှဉ်ပြိုင်သွားခဲ့သူကတော့ ကိုစည်သူလွင်ရဲ့ Overs Category ထဲက “ယမုံ-X03” ဖြစ်ပါတယ်။ တစ်ခါမှ မကဖူးဘူးဆိုတဲ့ ယမုံက တစ်ကယ့် အကဘုရင် မိုက်ကယ်ဂျက်ဆင်ရဲ့ တေးသွား “အဖြူနဲ့အမဲ” သီချင်းကို မိုက်ကယ်ဂျက်ဆင်ရဲ့ ကကွက်တွေအတိုင်း သီဆိုယှဉ်ပြိုင်သွားခဲ့ပါတယ်။



ဒုတိယမြောက်ယှဉ်ပြိုင်သူကတော့ မငယ်ငယ်ရဲ့ Boys Category မှ “ကျော်ဇင်သန့်-X12” ဖြစ်ပါတယ်။ ဒီအပတ် Dance Week ဟာ သူ့အတွက် အခက်ခဲဆုံးဆိုတာထက် ပိုပြီးခက်ပါတယ်၊ အကတွေကိုလည်း အပြင်းအထန်လေ့ကျင့်ထားပါတယ်လို့ ဆိုပါတယ်။ သူကတော့ မိုးမိုးရဲ့  “နောက်ကျရင်” ဆိုတဲ့ သီချင်းကို Dancer မိန်းကလေးတွေနဲ့အတူ အတွဲညီညီ ကပြယှဉ်ပြိုင်ခဲ့ပါတယ်။



ဒီတစ်ခါတော့ မဇမ်နူးရဲ့ Girls Category က “Purity-X09” ရဲ့ အလှည့်ဖြစ်ပါတယ်။ Purity မသီဆိုခင်မှာ မဇမ်နူးက ဒီသီချင်းဟာ အပျိုဟိုင်းကြီးတွေအတွက် ဖြစ်ပါတယ်လို့ ပြောလိုက်ချိန် ကျန်တဲ့ ဒိုင်သုံးဦးစလုံးက မဇမ်နူးကို ဝိုင်းပြီး လက်ညိုးထိုးကာ ကျီစယ်ခဲ့ကြပါတယ်။
“Purity” က Single is the best သီချင်းကို မြူးမြူးကြွကြွအကနဲ့ သီဆိုယှည်ပြိုင်သွားတာ ကြက်သီထလောက်စရာပါ။



“လင်းချစ်-X01” က “အပူငြိမ်းကြပါစေ” သီချင်းကို အကနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုယှဉ်ပြိုင်ခဲ့ပြီး သီဆိုမှုအဆုံးမှာ ဒီသီချင်းဟာ အရင်တုန်းက သူမရဲ့အဖြစ်ပျက်တစ်ခုနဲ့ တိုက်ဆိုင်ခဲ့ဖူးတယ်၊ တစ်ကယ်တော့ သူမက အခုလိုမျိုး ချေပလိုက်ချင်တာလို့လဲ ပြောပြခဲ့ပါသေးတယ်။


ဒီတစ်ခါတော့ မငယ်ငယ်ရဲ့ Boys Category ထဲက နှုတ်ခမ်းနီမလေးတွေ သဲသဲလှုပ်ဖြစ်နေတဲ့ တစ်ယောက်ကို မငယ်က ဖိတ်ခေါ်ရာမှာ “ကဲ..ချွေးမလေးတွေ G Mine Nar ဖြစ်ပါတယ်” လို့ ကြေညာပေးခဲ့ပါတယ်။ “G Mine Nar-X10” က “တစ်ခါကရော့ခ့်အန်ရိုးလ်” သီချင်းကို အကတွေနဲ့အတူ ယှဉ်ပြိုင်သွားခဲ့ပါတယ်။



နောက်တစ်ယောက်ကလည်း မငယ်ရဲ့အဖွဲ့ထဲက ဖြစ်တဲ့ “David Derrick-X11” ရဲ့ ယှဉ်ပြိုင်မှုဖြစ်ပါတယ်။ “David Derrick” က “လေယာဉ်ပျံ” ဆိုတဲ့ သီချင်းကို လေယာဉ်မယ် Dancer လေးတွေခြံရံပြီး လေယာဉ်မှူးဝတ်စုံအကျနနဲ့ စတိုင်မိုင်မိုက် ကပြယှဉ်ပြိုင်ခဲ့ပါတယ်။ သီချင်းအဆုံးမှာ လေယာဉ်မှူးဝတ်စုံလိုက်ရှာရတာ ဒုက္ခရောက်ခဲ့တဲ့အကြောင်းနဲ့ နောက်ဆုံးမှာ ဒီဝတ်စုံကို အပ်ချုပ်ဆရာကြီးတစ်ဦးက ဖန်တီးပေးခဲ့တဲ့အကြောင်းလည်း ပြောပြသွားပါသေးတယ်။



“သဲထူး-X02” ရဲ့ သီဆိုယှဉ်ပြိုင်မှုမှာတော့ “လူဦးရေသန်းပေါင်းခြောက်ထောင်ထဲကအချစ်” သီချင်းကို ချစ်စရာကောင်းအောင် ကပြဖျော်ဖြေသွားမယ်လို့ ဆိုခဲ့ပြီး တစ်ကယ်လည်း သီချင်းရဲ့ စာသားတီးလုံးတွေနဲ့ လိုက်ဖက်ညီညီ ကပြယှဉ်ပြိုင်သွားနိုင်ခဲ့ပါတယ်။



ကိုဇဝါရဲ့ Groups Category မှာ နောက်လုံးလက်ကျန်အဖြစ် တစ်ဖွဲ့ထဲသာ ကျန်တော့တဲ့ “Oxygen-X06” အဖွဲ့ဟာ တစ်ဖွဲ့ထဲဆို ဆိုသလောက် ကိုဇဝါအပြည့်အဝ အားကိုးရမယ့် အဖွဲ့လည်း ဖြစ်ပါတယ်။ “အမုန်းမျက်လုံး” ဆိုတဲ့သီချင်းကို သူတို့ရဲ့ ထုံစံအတိုင်း မူရင်းအဆိုရှင်နဲ့ ကွဲထွက်အာင် လှလှပပ ဖန်တီးသီဆိုသွားခဲ့နိုင်ပြန်ပါတယ်။



ဒီတစ်ခါတော့ နောက်ဆုံး ၉ ယောက်မြောက်အဖြစ် သီဆိုယှဉ်ပြိုင်ခဲ့တာကတော့ Girls Category မှ ချစ်စရာမျက်နှာပိုင်ရှင်လေး “Melody Khong-X08” က “No Money No Love” ကို အကအဖွဲ့နဲ့အတူ ဟန်ချက်ညီညီကပြသီဆို ယှဉ်ပြိုင်ခဲ့ပါတယ်။



စနေနေ့ည Dance Week ယှဉ်ပြိုင်မှု အစီစဉ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ၊ ပြိုင်ပွဲဝင်တွေရဲ့ ယှည်ပြိုင်မှုတွေကိုကြည့်ပြီး မိမိနှစ်သက်တဲ့ ပြိုင်ပွဲဝင်ကို 1 SIM card 1 SMS voting စနစ်နဲ့ ယနေ့ တနင်္ဂနွေည Result Live Show အစီစဉ်မှာ Voting Line တွေကို ပိတ်လိုက်ပါပြီလို့ မကြေညာမချင်း SMS voting ပြလုပ်နိုင်ပါတယ်။

MPT-8606၊ Telenor-6666၊ Ooredoo-6002 နံပါတ်များသို့ ပြိုင်ပွဲဝင်၏ ကုတ်နံပါတ် တစ်ခုတည်းကိုသာ ရိုက်နှိပ်ပြီး ပေးပို့ရမှာဖြစ်လို့ ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင် နောက်တစ်ဆင့် တက်လှမ်းနိုင်အောင် SMS ပေးပို့ကြဖို့ တိုက်တွန်းလိုက်ပါတယ်။


 

News