ဒီတစ်ပတ် စနေနေ့ည The X Factor Myanmar ရဲ့ ယှဉ်ပြိုင်တင်ဆက်မှုက တစ်ကယ့်ကို ထူးထူးခြားခြားဖြစ်ခဲ့ပါတယ်။ Halloween Week လို့ နာမည်ပေးထားတဲ့အတိုင်း ပွဲစကတည်းက အစီအစဉ်တင်ဆက်သူရော၊ ဒိုင်လူကြီးတွေပါ Halloween ဝတ်စုံအပြည့်နဲ့ ခြောက်ခြားစရာ သရဲမိတ်ကပ်တွေ ကိုယ်စီခြယ်သထားခဲ့ပါတယ်။ ထူးထူးခြားခြားအဖြစ် ဒိုင်လူကြီးဖြစ်သူ မငယ်ငယ်ဆိုရင် အစွယ်အဖွေးသားနဲ့ ကြည့်ရတာ ကြက်သီးများတောင် ထမိပါတယ်။
.png)
ဒီနေ့တော့ ပွဲဦးထွက်လာတဲ့ သရဲတစ်ကောင်ကတော့ ကျော်ဇင်သန့် (X12) ဖြစ်ပါတယ်။ သူက သွေးစုပ်ဖုတ်ကောင် ဒီဇိုင်းနဲ့အတူ တေးရေး မိုးမိုးရဲ့ “Vampire” ဆိုတဲ့ သီချင်းကို သရဲမလေး လေးယောက်နဲ့ အတူတူ ခပ်ကြမ်းကြမ်းလေး ယှဉ်ပြိုင်သီဆိုသွားပါတယ်။
.png)
တစ်ကိုယ်လုံး ဖြူဖတ်ဖြူရော် သွေးဆုတ်နေတဲ့ပုံစံ ပြင်ဆင်ထားတဲ့ မယ်လိုဒီခေါင် (X08) က တေးရေး ဆွေဟိန်းရဲ့ “သူစိမ်း” သီချင်းကို ပိတ်စအုပ်ထားတဲ့ အရုပ်သုံးရုပ်၊ ရှေးဟောင်းပုံစံ ဖန်တီးထားတဲ့ မှန်တင်ခုံနဲ့ လှုပ်ထိုင်ခုံပေါ်ထိုင်ပြီး နန်းဆန်ဆန် အေးစက်စက်ပုံစံနဲ့ သီဆို ပြိုင်ပွဲဝင်ခဲ့ပါတယ်။
.png)
ဆက်လက်ပြီး သွေးနီရောင် ဝတ်စုံကိုယ်စီ ဝတ်ဆင်ထားတဲ့ OXYGEN (X06) အဖွဲ့ကလည်း တေးရေး အဲလက်စ် ရေးထားတဲ့ “စိတ်ကူးသက်သက်” သီချင်းကို သုံးယောက်လုံး တက်ညီလက်ညီ Performance အလန်းတွေနဲ့ သီဆို ပြိုင်ပွဲဝင်ခဲ့ပါတယ်။
.png)
လူချောလေး G Mine Nar (X10) တစ်ယောက် ဒီတစ်ခါတော့ မျက်နှာမှာ ဒဏ်ရာဒဏ်ချက်များနဲ့ အဲလက်စ်ရဲ့ “သီချင်းချစ်သူ” ကို သေဆုံးနေတဲ့ ချစ်သူကောင်မလေးရဲ့ အလောင်းစင် နံဘေးနားမှာ ဆို့နင့်ကြေကွဲဟန်နဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။
.png)
စန္ဒရားလေးတစ်လုံး ဖြည်းဖြည်းခြင်းတီးခတ်ရင်း ပန်းခက်လေးတွေ ပန်ထားတဲ့ Purity (X09) ကလည်း တေးရေး ဝင်းမင်းထွေးရဲ့ “မသေနိုင်သော”ဆိုတဲ့ သီချင်းကို ပန်းပင်ပုပုလေးတွေ ဝန်းရံထားလျှက် ခံစားချက်အပြည့်နဲ့ သီဆို ပြိုင်ပွဲဝင်ခဲ့ပြန်ပါတယ်။
.png)
စိတ္တဇဆေးရုံက ဘီးတပ်ကုလားထိုင်တစ်လုံးကို သူနာပြုဆရာမနှစ်ယောက်က တွန်းလာပါတယ်။ ကုလားထိုင်ပေါ်မှာ စိတ်ခြောက်ခြားနေတဲ့ ဟတ်ပန်နဲ့ David Derrick (X11) က တေးရေး မြင့်မိုးအောင်ရဲလက်ရာ မျိုးကြီးသီဆိုထားတဲ့ “တစ္ဆေ” သီချင်းကို စိတ်မနှံ့သူတစ်ဦးလို ပီပီပြင်ပြင် သရုပ်ဖော်ရင်း သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။
.png)
အသံပါဝါအားကောင်းတဲ့ ယမုံ (X03) ကတော့ တေးရေး မင်းချစ်သူရဲ့ “ခေါ်သံ” ဆိုတဲ့ သီချင်းကို ဝိညာဉ်ကောင်လေးတစ်ယောက်နဲ့ အတူ Performance လုပ်ရင်း ခံစားချက်အပြည့်နဲ့ သီဆို ပြိုင်ပွဲဝင်ခဲ့ပြန်ပါတယ်။
.png)
ဒီနေ့ည နောက်ဆုံးယှဉ်ပြိုင်သူက သဲထူး (X02)ပါ။ သူက တေးရေး မင်းချစ်သူရေးထားပြီး တစ်ချိန်က အရမ်းအောင်မြင်ခဲ့တဲ့ ဟယ်ရီလင်းရဲ့သီချင်း “ဂမ္ဘီရ” ကို သရဲမလေးတွေနဲ့အတူ မှော်ဆရာအသွင် သီဆိုရင်း သွက်သွက်လက်လက်နဲ့ ယှဉ်ပြိုင်ဖျော်ဖြေသွားခဲ့ပါတယ်။
ဒီတစ်ပတ်ကတော့ The X Factor Myanmar ရဲ့ Halloween Week မှာ ပြိုင်ပွဲဝင်တွေရဲ့ သီဆိုဖျော် ဖြေမှုကို ဒိုင်လူကြီးလေးယောက်လုံးကလည်း အရမ်းကို အားရကျေနပ်ခဲ့ကြပါတယ်။ ဒီနေ့ပွဲမှာ ထူးထူးခြားခြား အိုက်တင်ကောင်းသူအဖြစ် David Derrick ကို ဒိုင်အားလုံးက ချီးကျူးခဲ့ပါတယ်။
ပရိသတ်ကြီးလည်း ဒီတစ်ပတ် ပျော်ရွှင်ချောက်ခြားစရာ Halloween ညကို သဘောကျနှစ်သက် မယ်လို့ မျှော်လင့်မိပါတယ်။ Halloween Week ရဲ့ ယှဉ်ပြိုင်ခဲ့ပုံတွေကို ပြောပြပြီးပီဆိုတော့ ကိုယ်သဘောကျနှစ်သက်တဲ့ ပြိုင်ပွဲဝင်တွေ နောက်တစ်ပတ်မှာ ဆက်ရှိနေစေဖို့ Voting လေးတွေပေးဖို့တော့ လိုပါတယ်။
Voting ပေးမယ်ဆိုရင် MPT - 8606, Telenor - 6666 နဲ့ ooredoo - 6002 တို့ကို SMS Voting ပေးပို့လို့ပြီး www.facebook.com/xfactormyanmar မှာလည်း Vote ပေးလို့ရပါတယ်။
.jpg)
နက်ဖြန် Result Show ညမှာ ဘယ်ပြိုင်ပွဲဝင်တစ်ယောက်ကများ Voting အနည်းဆုံးနဲ့ အိမ်ပြန်သွားရမလဲဆိုတာ ည ၇:၄၅ MRTV-4 ချန်နယ်မှာ စောင့်မျှော်ကြည့်ရှုကြရအောင်..။