HIGHLIGHT CLIPS

အန်တီကတော့ ဘယ်သီချင်းလာလာ မကြောက်ဖူးဆိုတဲ့ အသက် ၅၉ နှစ်အရွယ် ပြိုင်ပွဲဝင်

4 Sep 2017

4 Views

ဒေါ်ခင်ဦးအေး တစ်ယောက် အသက် ၅၉ နှစ်အရွယ်မှာ သူမရဲ့ ဂီတစွမ်းအားကို ပရိသတ်ကြီး သိအောင် X Factor စင်မြင့်ထက်က စွမ်းရည်ပြသခဲ့တာ အံ့မခမ်းလောက်စရာပါပဲ။

 နိုင်ငံတစ်ကာမှာ ဒီလိုမျိုး အသက်အရွယ်တွေရဲ့ လှုပ်ရှားမှုတွေက သိပ်အထူးအဆန်းကြီး မဟုတ်တော့ပေမယ့် မြန်မာနိုင်ငံအတွက်တော့ အနည်းငယ်ထူးဆန်းတယ်လို့ ဆိုလို့ရပါတယ်။


ဘုရားသွားကျောင်းတက်လို့ အများစုက ယူဆကြတဲ့အရွယ်မှာ သမီးငယ်ရဲ့ ဝါဿနာကို ပံ့ပိုးဖို့ လိုက်ပါလာရင်းက အသက် ကန့်သန့်ချက် အများကြီးမထားတဲ့ X Factor စင်မြင်ကို သမီးဖြစ်နဲ့အတူ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။


ဒိုင်တွေရဲ့ လေးစားအံ့သြမှုတွေနဲ့အတူ သားအမိနှစ်ဦးစလုံး 4 YES နဲ့ နောက်တစ်ဆင့် တက်ခွင့်ရသွားခဲ့ပါတယ်။ ထူးထူးခြားခြား သားအမိ နှစ်ဦးကို ပိုပိုလေးက ယှဉ်ပြိုင်မှုအပြီးမှာ အင်တာဗျူးထားပါတယ်။ ပရိသတ်အတွက် သားမိနှစ်ဦးရဲ့ ရင်ဖွင့်ပြောကြားသံနဲ့အတူ အတူတူဆိုပြသွားတဲ့ သီချင်းလေး တစ်ပုဒ်ကို နားဆင်ခံစားစေချင်ပါတယ်။


တီဗီအစီအစဉ်မှာ ပြသခြင်းမရှိတဲ့ ရိုက်ကွင်းနောက်ကွယ်က X Factor ပြိုင်ပွဲဝင်တွေရဲ့ လှုပ်ရှားမှုကို အမြဲမပြတ် ကြည့်ရှုနိုင်ဖို့ popolay ရဲ့ တရားဝင် YouTube Channel ဖြစ်တဲ့ >> PopolayTV << ကို subscribe လုပ်ထားဖို့ မမေ့ပါနဲ့နော်..

 

PopolayTV YouTube >> https://www.youtube.com/popolaytv

HIGHLIGHT CLIPS