HIGHLIGHT CLIPS

ပရိသတ်ကြီးကို သိစေချင်ပါတယ်ဆိုတဲ့ X Factor ပြိုင်ပွဲဝင် ယမုံ

27 Oct 2017

23 Views

Finalist ၁၂ နှစ်ယောက်က စတင်လို့ တစ်မိုးထဲအောက်မှာ မိသားစုတွေလို အတူတူနေခဲ့ကြရတဲ့ The X Factor Season 2 ပြိုင်ပွဲဝင်တွေဟာ တစ်ကယ့်မောင်နှမတွေလို ရင်နှီးချစ်ခင်မှုရှိတာကို သွားရောက် အင်တာဗျူးခဲ့တဲ့ ပိုပိုလေးမီဒီယာက မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပါတယ်။

သူတို့နဲ့ စကားပြောရတာ ပျော်စရာလဲကောင်းသလို အချင်းချင်း စနောက်ကျီစယ်ကြပုံတွေက ခင်မင်စရာလဲကောင်းပါတယ်။ တစ်ဦးချင်းစီကိုယ် အင်တာဗျူးကြည့်တဲ့အခါမှာတော့ သူတို့ရဲ့ တစ်ကယ်ဘဝအဖြစ်မှန်လေးတွေထဲမှာ ပျော်ရွှင်စရာလေးတွေပါသလို ဝမ်းနည်းစရာ အဖြစ်ပျက်လေးတွေလဲ ပါတာကို သိခဲ့ရပါတယ်။

သူတို့အားလုံးထဲမှာ ပြိုင်ပွဲဝင် “ယမုံ - X03” က  ခံစားမှုအားကြီးသူ တစ်ခုခုဆိုရင် ချက်ခြင်းဝမ်းနည်းလာတတ်သူလည်း ဖြစ်ပါတယ်။ ယခင်က Finalist ဆယ်နှစ်ယောက် အတူတူနေခဲ့ရာမှာ တစ်ပတ်ကိုတစ်ယောက် အိမ်ပြန်သွားခဲ့ရတဲ့အပေါ်မှာလည်း စိတ်မကောင်းဖြစ်နေတတ်ပါတယ်။
အခုနောက်ဆုံး ရှစ်ယောက်ကျန်ခဲ့တဲ့ အထဲမှာ အသက်အကြီးဆုံးဖြစ်လို့ အငယ်ဖြစ်သူတွေက သူမကို “အမေမုံ” လို့ခေါ်ပြီး ချစ်ခင်စနောက် ပူဆာတတ်ပါသေးတယ်။ သူကလည်း မောင်နှမအရင်းတွေလို အလိုလိုက်ဂရုစိုက်တဲ့အကြောင်းတွေ သိခဲ့ရပါတယ်။

X Factor ကိုအမြဲအားပေးကြည့်ရှုတဲ့ ပရိသတ်ဆိုရင် သူမရဲ့ သီဆိုယှဉ်ပြိုင်မှုတွေတိုင်းဟာ ခံစားချက်ပါတယ်ဆိုတာကို သိကြမှာအမှန်ပါပဲ။ ခံစားချက်နဲ့ ထပ်တူစီးမျောသလို သူမရဲ့ မျက်နှာအမူယာဟာလည်း ရင်ထဲကခံစားချက်ကို မကွယ်ဝှက်တတ်တာ ပေါ်လွင်ပါတယ်။ ဒီအပေါ်မှာတော့ ပရိသတ်တွေက သူမကို ရိုးသားပွင့်လင်းသူတစ်ဦးအဖြစ်သာ အသိမှတ်ပြုထားကြပါတယ်။

အခုလည်း ပရိသတ်ကြီးကို သိစေချင်တဲ့ သူမဘဝရဲ့ ကြေကွဲစရာအဖြစ်ပျက်မှန်ကို အင်တာဗျူးမှာ သူမကိုယ်တိုင် အသိပေးပြောကြားခဲ့ပြန်ပါတယ်။ ဒီအဖြစ်မှန်ကြောင့် ပရိသတ်ရဲ့ အားပေးချစ်ခင်မှုလျော့နည်းသွားမှာထက် ပရိသတ်ကို သိစေချင်တဲ့ စိတ်ကပိုများပါတယ်လို့ ဆိုပါတယ်။
အင်တာဗျူးရဲ့ အဆုံးမှာသူမပြောခဲ့တာတစ်ခုကတော့ ပရိသတ်ကြီးဆီက မေတ္တာပဲ သူမ ပိုလိုချင်ပါတယ်လို့ မျက်ရည်စတွေနဲ့ ပြောကြားခဲ့ပါတယ်။
 

HIGHLIGHT CLIPS