HIGHLIGHT CLIPS

ပရိဿတ်တွေ ရင်ခုန်စိတ်လှုပ်ရှားစေမယ့် The X Factor Myanmar Bootcamp

5 Oct 2016

15 Views
ပရိဿတ်စိတ်ဝင်စားမှု အရှိန်အမြင့်ဆုံးဖြစ်နေတဲ့ သီချင်းဆိုပြိုင်ပွဲ “The X Factor Myanmar” ရဲ့ Semi Final ယှဉ်ပြိုင်မှုကို ယခုလာမည့် အောက်တိုဘာ ၈ ရက် နှင့် ၉ ရက် (စနေ၊ တနင်္ဂနွေ) နေ့ ညနေ ၇:၄၅ အချိန်မှာ MRTV 4 Channel ကနေ တိုက်ရိုက်(Live) ထုတ်လွှင့်တင်ဆက်တော့မှာ ဖြစ်ပါတယ်။
 
ပြိုင်ပွဲဝင် ထောင်ပေါင်းများစွာထဲကနေ တစ်ဆင့်ပြီး တစ်ဆင့် ယှဉ်ပြိုင်ရွေးချယ် စစ်ထုတ်လာခဲ့တာ အခုနောက်ဆုံး ၁၂ ဖွဲ့သာ ကျန်ရှိပါတော့တယ်။ ကျန်ခဲ့တဲ့ ၁၂ ဖွဲ့ထဲက သီဆိုယှဉ်ပြိုင်သူများဟာ လူအယောက် ၁၀၀ ရွေးချယ်ပြီး စခန်းသွင်းလေ့ကျင့်ပေးတဲ့ Bootcamp မှာ ဘယ်လို ကြိုးစားခဲ့ကြရတယ်၊ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး၊ ဒိုင်တွေက ဘယ်လိုမှတ်ချက်တွေကပေးခဲ့ကြသလဲ..? စတဲ့ The X Factor Myanmar ပြိုင်ပွဲကြီးရဲ့ နောက်ကွယ်က ရင်တုန်စိတ်လှုပ်ရှားဖွယ်ရာ ပုံရိပ်တွေကို ပရိဿတ်ကြီး ပြန်လည်ခံစားနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။ 
 
The X Factor Myanmar ရဲ့ Semi Final မှာ ပရိဿတ်ကြီးနဲ့အတူတူ Live ပြန်လည်ဆုံတွေ့ကြပါစို့.. 
 

HIGHLIGHT CLIPS