1. Home
  2. Special or Others

ကမ္ဘာ့အကြီးဆုံး လိင်အင်္ဂါပိုင်ရှင် အမျိုးသား ပုံမှန်ပြန်ဖြစ်ရန် ခွဲစိပ်(ရုပ်သံ)

Special or Others ก.ค. 27, 2560 view 4,466

အမျိုးသားအများစုက ဒါမျိုးဆိုရင် ဂုဏ်ယူဝံ့ကွားတတ်ကြပါတယ်။ ဒါပေမယ့် ကမ္ဘာအကြီးဆုံးလို့ ဆိုရလောက်အောင် ကြီးထွားလွန်းတဲ့အခါကျတော့ ရှက်စရာလဲကောင်းသလို ဒုက္ခလဲ အကြီးအကျယ်ရောက်ရပါတော့တယ်။


ကင်ညာနိုင်ငံက Forence Owiti Opiyo ဆိုသူရဲ့  လိင်အင်္ဂါဟာ သူ့အသက် ၁၀ နှစ်သားလောက်ထဲက အရွယ်နဲ့မလိုက်အောင် စတင်ကြီးထွားလာခဲ့ပါတယ်။ သာမန်အမျိုးသားအင်္ဂါထက် ၁၀ ဆကျော် ကြီးမားတဲ့အတွက် မပ်တပ်ရပ်တဲ့အခါ တွဲထူပေးရပါတယ်။


လိင်တံရဲ့ ကပ္ပါယ်အိတ်ဟာ အဆမတန်ကြီးထွားလာတာကြောင့် သူ့ရဲ့ ခြေထောက်နှစ်ချောင်းကြားမှာ အိတ်ကြီးတစ်လုံးညှပ်ထားသလိုဖြစ်ပြီး ကသိကအောက်နိုင်လှပါတယ်။ လမ်းလျှောက်ရာမှတင်မကပဲ အဝတ်အစားဝတ်တဲ့နေရာမှာလည်း ဒုက္ခရောက်ရပါတယ်။ သူ့ရဲ့ ကြီးမားတဲ့ လိင်ကြောင့် ငယ်စဉ်ထဲက စောစီးစွာကျောင်းထွက်ခဲ့ရပါတယ်။


အဲဒီနောက် သူ့အစ်ကို သ်ူအဖွားတို့နဲ့အတူ အိမ်တွင်းအောင်းပဲ လုပ်နေခဲ့ပါတော့တယ်။ ကိုယ်ပိုင် ဖိနပ်ချုပ်ဆိုင်လေးဖွင့်ကာ ခွဲစိပ်ဖို့ငွေစုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူ့ရဲ့အခြေနေကို စာနာတဲ့ အိမ်နီးချင်းတွေက သူ့ရဲ့ပုံကို ဖေ့စ်ဘွခ်မှာတင်ပြီး အကူညီတောင်းခံခဲ့ကြပါတယ်။


နောက်ဆုံးမှာတော့ Jaramogi Oginga Idonga Teaching & Referral Hospital မှ တာဝန်ယူခွဲစိတ်ပေးရန် သဘောတူခဲ့ကြသည်။ ခွဲစိမ်ရာတွင် အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်ရမှာဖြစ်ပါတယ် ပထမအဆင့် အရွယ်အစား လျှော့ချဖို့နဲ့ ဒုတိယအဆင့် ပုံမှန်အရွယ်နဲ့ ပုံသဏ္ဍန်ပြန်ဖြစ်အောင် လုပ်ရမှာဖြစ်ပါတယ်။


အားလုံးပြီးစီးသွားတဲ့အခါကျရင်တော့ ပုံမှန်အမျိုးသားတွေလိုပဲ အိမ်ထောင်ပြုနိုင်မှာဖြစ်သလို ကလေးယူနိုင်မယ်လို့ ဆရာဝန်ကြီးတွေက ပြောကြားခဲ့ပါတယ်။
 



Follow us on