1. Home
  2. Movie Stars - Celebrity

Sexy ပုံစံမျိုးကို မကြိုက်ကြဘူးဆိုတဲ့ ခေးဆက်သွင်

Movie Stars - Celebrity ส.ค. 09, 2560 view 2,485

ရုပ်သံဇာတ်လမ်းတွဲတွေကနေ နာမည်ရလာတဲ့ ခေးဆက်သွင်ဟာ mrtv4 နဲ့ လက်တွဲပြီး ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေပါတယ် ။ လက်တလော ပြသခဲ့တဲ့ ဆုံဆည်းခြင်းမိုးတိမ်များ ဇာတ်လမ်းတွဲမှာလဲပါဝင် သရုပ်ဆောင်ခဲ့ပါသေးတယ် ။

“ဇာတ်လမ်းတွဲ ရိုက်ကူးတာကတော့ ဇာတ်ကားရိုက်ကူးတာနဲ့မတူဘူး ။ မုဒ်တွေ အကြာကြီး သွင်းထားရတယ် ။နောက်ပိုင်း တယ်ခရီးတွေလဲ ထွက်ရတယ် ။ ဆုံဆည်းခြင်းမိုးတိမ်များ ဇာတ်လမ်းတွဲဟာ ထိုင်းနဲ့ မြန်မာပေါင်းပြီးရိုက်ထားတဲ့ ကားလေးလဲ ဖြစ်ပြီး  ပရိတ်သတ်က ဒီဇာတ်ကားမှာ ခေး ကို ကောင်းတယ်လို့ ပြောကြတယ် ။ ကာရိုက်တာက ခေးမနိုင်တဲ့ ဇာတ်ဖြစ်နေတဲ့ အတွက် အထပ်ထပ်အခါခါ လေ့ကျင့်ခဲ့ရပါတယ် ။ ခေးက ဟာသတွေ ပဲ အားသန်တယ် ဒရာမာတွေ ရိုက်လေ့ရိုက်ထ မရှိတော့ အရမ်းကြီး ကြိုးစားခဲ့ ရပါတယ်” လို့ ပြောသွားခဲ့ပါတယ် ။

အလှမယ် ပြိုင်ပွဲတွေမှာလဲ ၀င်ရောက်ယှဉ်ပြိုင်ဖူးတဲ့ ခေးဆက်သွင်ဟာ internation အရပ် မဟုတ်တာကြောင့် နောက်ထပ် Miss ပြိုင်ပွဲတွေ ၀င်ပြိုင်တော့မှာလဲ မဟုတ်တော့ပါဘူး လို့ ပြောထားပါတယ် ။

ပရိတ်သတ်တွေကလဲခေးကို sexy ဖြစ်တာ သိပ်မကြိုက်ကြဘူး ။ ခေး ပရိတ်သတ်တွေ အတွက် အကောင်းဆုံးကြိုးစားနေပါတယ်။ ဆက်လက်ပြီးတော့လဲ ဥယာဉ်မှုး ဖြစ်ဖူးချင်သည် ဇာတ်လမ်းတွဲကို ၁၁ လပိုင်းမှာ ထူတ်လွှင့်မယ်လို့ သိရပါတယ် ။

credit:popular



Follow us on