ပရိသတ်တွေက ချစ်စနိုးနဲ့ အေးသောင်းလို့ ခေါ်ကြတဲ့ အေးဝတ်ရည်သောင်းက မြန်မာဝတ်စုံလေးတွေဝတ်ပြီး ရိုက်ထားတဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်က ပုံတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တကျော့ပြန် ရရှိလာပါတယ်။
ဆံပင်ရှည်ရှည်နဲ့ မြန်မာဆန်ဆန် လှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ အေးဝတ်ရည်သောင်းဟာ ရတနာပုံ ရုပ်သံဇာတ်လမ်းတွဲကနေတဆင့် အနုပညာလောကကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။
တစ်ချိန်က ဗီစီဒီ တေးသီချင်းတွေမှာ အမြဲလိုလိုတွေ့ရတတ်တဲ့ အေးဝတ်ရည်သောင်းဟာ အနုပညာလောကကနေ နားသွားခဲ့ရပါတယ်။ ဒီလိုနားသွားရတဲ့ အကြောင်းရင်းကိုတော့ အေးဝတ်ရည်သောင်းက Democracy Today Daily News မှာ အခုလို ပြောကြားခဲ့ပါတယ်။
“အနုပညာအလုပ်တွေ နားလိုက်တာဆိုတာက အမှန်တကယ်တော့ အစ်မ မြန်မာနိုင်ငံမှာပဲ ကျောင်းတက်နေတာပါ။ ဒါပေမယ့် တော်တော်များများက အစ်မကို နိုင်ငံခြားသွားပြီးတော့ ကျောင်းတက်တယ်လို့ ထင်ကြတယ်။ အဲဒီတော့ အနုပညာလောကက လူတွေကလည်း ဒီမှာမရှိဘူးဆိုပြီးတော့ ဇာတ်ကားတွေ ခေါ်မရိုက်တော့ဘူး။ အဲဒီလိုကနေပြီးတော့ အနုပညာအလုပ်တွေ မလုပ်ဖြစ်ခဲ့ဘဲနဲ့ နားသွားသလို ဖြစ်သွားတာပါ” လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်ကစညပီး အထည်ဆိုင်လေး ဖွင့်ထားတဲ့ အေးဝတ်ရည်သောင်းက ကိုယ်တိုင်မြန်မာဝတ်စုံလေးတွေ ၀တ်ဆင်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တင်ခဲ့ပြီး ပရိသတ်တွေကလည်း နှစ်သက်သလို ကိုယ်တိုင်လည်း အသက်အရွယ်အရ မြန်မာလို ၀တ်ရတာ ပိုပြီးနေလို့ကောင်းတယ်လို့ အေးဝတ်ရည်သောင်းက ပြောပါတယ်။
Source : Democracy Today Daily News
Photo Credit : အေးဝတ်ရည်သောင်းဖေ့စ်ဘွတ်