1. Home
  2. Good Morning Myanmar

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအများဆုံး ရန်ကုန်တိုင်းဒေသကြီးဖြစ်နေ

Good Morning Myanmar พ.ค. 25, 2560 view 1,465

၂၀၁၇ ဇန်န၀ါရီလကနေ မေလအထိရရှိထားတဲ့ အချက်အလက်တွေအရ ရန်ကုန်တိုင်း ဒေသကြီးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုပေါင်း (၁၁၀၀)ကျော်ရှိခဲ့ပြီး ဒါဟာမြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ အများဆုံးဖြစ်နေတယ်လို့ မေ(၂၄)ရက်က ကျင်းပတဲ့ ပြည်သူ့ကျန်းမာရေး ညီလာခံမှာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဌာနမှူး ဒေါက်တာဝင်းလွင်ရဲ့ ပြောကြား ချက်အရ သိရပါတယ်။

လက်ရှိမှာသွေးလွန်တုပ်ကွေးရောဂါနဲ့ပတ်သက်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေနဲ့ ကြိုတင်ကာကွယ်မှုအပိုင်းကိုဆောင်ရွက်နေပြီး ကြိုတင်ကာကွယ်မှု လုပ်ငန်းတွေ အနေနဲ့ ပြည်သူတွေကို အသိပညာပေးတာနဲ့ပိုးလောက်လန်းနှိမ်နှင်းရေးလုပ်ငန်းတွေကို လုပ်ကိုင်နေ တယ်လို့ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံး ဖြစ်နေပေမယ့် ရောဂါနဲ့ပတ်သက်ပြီး လက်ရှိမှာတော့ ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့သိရပါတယ်။

ရောဂါလက်္ခဏာဖြစ်တဲ့ ဖျားနာတာနဲ့အရေပြားမှာ အနီစက်တွေဖြစ်လာရင် စောစီးစွာကုသမှုရရှိနိုင်ဖို့ နီးစပ်ရာဆေးရုံကို သွားသင့်တယ်လို့လည်း တိုက်တွန်းပြောဆိုထားပါတယ်။ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေနဲ့ ကုသရေးဦးစီးဌာနနဲ့လည်းချိတ်ဆက်ပြီး လုပ်ဆောင်နေတယ်လို့သိရပါတယ်။ သွေးလွန်တုပ် ကွေးရောဂါဟာ လသားအရွယ်ကနေ အသက်(၁၄)နှစ်အရွယ်တွေ ကလေးငယ် တွေမှာ အများဆုံးဖြစ်ပွားနေတာ ဖြစ်တယ်လို့ သိရပါတယ်။



Follow us on