1. Home
  2. Movie Stars - Celebrity

အိမ်အသစ်မြန်မြန်ပြောင်းချင်နေတဲ့ ချမ်းချမ်း

Movie Stars - Celebrity พ.ค. 25, 2560 view 1,499

ချမ်းချမ်းက လက်ရှိသူတို့နေထိုင်နေတဲ့ အိမ်ကနေ မကြာခင်ပြောင်းရွှေ့တော့မှာပါ။ အခုလက်ရှိနေထိုင်နေတဲ့အိမ်ဟာ မင်္ဂလာဦးကတည်းက နေထိုင်ခဲ့တဲ့ အိမ်လေးဖြစ်ပါတယ်။

ဒါပေမယ့် အခုပြောင်းမယ့် အိမ်အသစ်ဟာ သမီးလေးရဲ့ကျောင်းနဲ့နီးပြီး မိသားစုအတွက် ပျော်ရွှင်စရာကောင်းတဲ့ အိမ်လေးတစ်လုံးဖြစ်မယ်လို့ ချမ်းချမ်းကပြောပါတယ်။

“ကဲနောက်တစ်ပတ်ဆို မင်္ဂလာဦးကတည်းက နေခဲ့တဲ့ အိမ်လေးကို ခွဲခွာရတော့မယ်။ သမီးလေးနဲ့ကျောင်းနီးတဲ့ အိမ် မိသားစုအတွက် ပျော်ရွှင်စရာအိမ်ကို ပြောင်းရတော့မယ်။ ဘာပဲဖြစ်ဖြစ် ဘ၀အသစ်လေးကို ပြန်စရသလိုပဲ… ကျမကိုယ်သစ်စိတ်သစ်နဲ့ အိမ်အသစ်လေးမှာ သိပ်မကြာခင် မိသားစုနဲ့ နွေးနွေးထွေးထွေးလေး နေရတော့မယ်… အခုတော့ အပြောင်းအရွှေ့တွေနဲ့ တအားပင်ပန်းနေပီ။ မြန်မြန်ပြောင်းချင်တယ် အိမ်လေးရယ်” လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားပါတယ်။

ဒီမနက်မှာလဲ သူတို့အိမ်အသစ်လေးမှာ ရိုက်ထားတဲ့ သမီးလေးပုံတွေကိုလဲ တင်ထားပါသေးတယ်။

Source : ချမ်းချမ်း ဖေ့စ်ဘွတ်



Follow us on