1. Home
  2. Good Morning Myanmar

YUPTကုမ္ပဏီမှ ယာဉ်မောင်း(၁၀၀၀)ကျော်ခန့်သွားဖို့ရှိ

Good Morning Myanmar พ.ค. 25, 2560 view 1,394

ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ်္ပဏီလီမိတက့့်YUPT ကုမ္ပဏီအနေနဲ့ ကားသစ်အစီးရေ (၁၀၀၀)မှာယူထားပြီးရောက်ရှိလာပါက ယာဉ်မောင်း(၁၀၀၀)ကျော်ခန့်သွားဖို့ရှိတယ်လို့YUPTကုမ္ပဏီမှ တာဝန်ရှိသူကပြောပါတယ်။ ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးအများနှင့်သက်ဆိုင်သောကုမ်္ပဏီ (YUPT)လက်အောက်မှာ ယာဉ်လိုင်းပေါင်း(၂၁)လိုင်းရှိပြီး ယာဉ်စီးရေ(၁၄၀၀)ကျော်နဲ့ ပြေးဆွဲနေတယ်လို့သိရပါတယ်။

အဲဒီယာဉ်စီးရေ(၁၄၀၀)ကျော်ထဲမှ ယာဉ်မောင်းဦးရေဟာ (၁၆၀)သာရှိတဲ့အတွက် ယာဉ်မောင်းလိုအပ်မှုတွေရှိနေတယ်လို့သိရပါတယ်။ဒါ့အပြင် မှာယူထားတဲ့ ယာဉ်စီးရေ (၁၀၀၀)ကိုလည်း နည်းတဲ့ယာဉ်လိုင်းတွေမှာဖြည့်တင်းပေးသွားမှာဖြစ်ပြီး ယာဉ်မောင်း (၁၀၀၀)ကျော်ကိုလည်း ခေါ်ယူသွားမယ်လို့သိရပါတယ်။ ယာဉ်မောင်းတွေခန့်အပ်တဲ့နေရာမှာ ကိုယ်ရကိုယ်ယူစနစ်ကို ကျင့်သုံးသွားမှာ မဟုတ်ဘဲ လစာစနစ်နဲ့သာ ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

လစာ စနစ်ကျင့်သုံးရာမှာလည်း လစာအပြင် ထမင်းဖိုးနဲ့တစ်လကို(၄)ရက် နားရက်ပေးသွားမယ်လို့ သိရပါတယ်။လက်ရှိမှာ့YUPT ကုမ်္ပဏီလက်အောက်မှာ ယာဉ်စီးရေ(၁၄၀၀)ကျော်ရှိပြီး အဲ့ထဲမှအစီးရေ(၅၆၀)ဟာ (၁၉၉၅)အောက် မော်ဒယ်ယာဉ်တွေ ဖြစ်တယ်လို့သိရပါတယ်။



Follow us on