1. Home
  2. Special or Others

ဘုရားကျောင်းထဲအထိ မွှေ့နှောက်ဖျက်ဆီးတဲ့ ဆင်ကြီးရုပ်သံ ကြည့်ရှုသူ ၁၂သိန်းကျော်ရှိ

Special or Others พ.ค. 26, 2560 view 1,427

အိန္ဒိယနိုင်ငံမှာ ဆင်ကြီးတကောင်ဟာ ကားတစီးလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့ကာ ဘုရားကျောင်းတကျောင်းထဲကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးမှုကိုမှတ်တမ်းတင်ထားတဲ့ ရုပ်သံဟာလက်ရှိမှာတေ့ ကြည့်တဲ့သူ၁၂သိန်းကျော် ရောက်ရှိလာပါပြီး၊ လူမှုကွန်ရက်စာမျက်နှာတွေနဲ့YouTube ပေါ်က အဆိုပါ ရုပ်သံဗီဒီယိုဖိုင်ကမတ်လ ၁၀ ရက်နေ့တည်းက တင်ခဲ့တာဖြစ်ပြီးရုပ်သံမှာတေ့ ဆင်ကြီးဘယ်က ပေါ်ထွက်လာတယ်ဆိုတာကိုမပြသထားပါဘူး။ရုပ်သံထဲမှာတော့ ဆင်ကြီးဟာ အနီးက ဆိုင်ကယ်တစီးကို နှာမောင်းနဲ့ယမ်းကာ ကန်ထုတ်ပစ်လိုက်ပြီးနောက် အနီးက ကားရှိရာသို့သွားကာ ကားရဲ့ဘေးကနေ အစွယ်နဲ့ နှာမောင်းကို အသုံးပြုပြီး ပြောင်းပြန်လှန်ပစ်လိုက်ချိန်မှာ ကားဟာ မြေကြီးပေါ်မှာ သုံးလေးပတ် လည်ထွက်သွားခဲ့တာကို တွေ့ရပါတယ်။ပတ်ဝန်းကျင်ကလည်း ကြာက်လန့်တကြား အော်ဟစ်နေသံတွေနဲ့ ဆူညံပွက်လောရိုက်နေပါတယ်။နောက်ဆုံးမှတော့ ဆင်ကြီးဟာ အနီးနားက ဘုရားကျောင်းထဲကို ဝင်ရောက်သွားခဲ့ကာ မြင်မြင်ရာကို ဒေါသတကြီး ဝင်မွှေဖျက်ဆီးပစ်ခဲ့တာပါ။



Follow us on