1. Home
  2. Movie Stars - Celebrity

အသဲလေးကြောင့် စိတ်ဂယောက်ဂယက်ဖြစ်နေတယ်ဆိုတဲ့ မိစန္ဒီ

Movie Stars - Celebrity พ.ค. 26, 2560 view 1,646

လူငယ်ကြိုက် အဆိုတော် မိစန္ဒီက စိတ်တွေဂယောက်ဂယက် ဖြစ်နေပါပြီ။ ဒီလိုဖြစ်နေရတဲ့ အကြောင်းရင်းကတော့ သူ့ရဲ့အသဲလေးကြောင့်ပါ...အသဲလေးဆိုတာ တခြားမဟုတ်ပါဘူး သူ့ရဲ့မကြာခင်ထွက်မယ့် အခွေသစ်လေးဖြစ်ပါတယ်။

“ခွေထက်ခါနီးလေ စိတ်တွေက ဂယောက်ဂယက်ဖြစ်လာလေပဲ…”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားပါတယ်။

ဇွန်လမှာထွက်ရှိတော့မယ့် မိစန္ဒီရဲ့ တတိယအယ်လ်ဘမ် “အသဲလေး” ထဲမှာ X Box နဲ့ JCZ တို့နဲ့အတူ မိစန္ဒီက စနှိုက်ကြော်တွေအတွက် သီချင်းတစ်ပုဒ်နဲ့ အပီဖြဲထားတယ်လို့ ပြောပါတယ်။

မိစန္ဒီ "အသဲလေး"ကို မိစန္ဒီရဲ့အသဲလေးတွေက အားပေးကြမယ်မဟုတ်လား?

Source : မိစန္ဒီ ဖေ့စ်ဘွတ်



Follow us on