1. Home
  2. Special or Others

သေဆုံးသူမိခင်ကို လှုပ်နှိုးပြီး နို့စို့ခဲ့သည့် လသားကလေး (ရုပ်သံ)

Special or Others พ.ค. 26, 2560 view 1,435

ရထားတိုက်ခံရပြီး သေဆုံးသွားတဲ့မိခင်ကို လှုပ်နှိုးပြီး နို့စို့ဖို့ကြိုးစားတဲ့ ကလေးငယ်လေးရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်က အိန္ဒိယနိုင်ငံအလယ်ပိုင်း မက်ဒရာပရာဒဲက်ရှ်ပြည်နယ်ထဲက ဒါမိုခရိုင်မှာ မေလ ၂၄ ရက်နေ့မနက်က ဖြစ်ခဲ့တာပါ။ အဆိုပါအမျိုးသမီးဟာ ကလေးကိုချီပြီး ရထားလမ်းဖြတ်ကူးစဉ် ရထားတိုက်ခံရပြီး သေဆုံးသွားခဲ့ပေမယ့် ကလေးငယ်ကတော့ ကံအားလျော်စွာ အသက်မသေဘဲ ရှင်ကျန်ခဲ့တာပါ။ငိုယိုနေတဲ့ အသက် ၁၇ လသားအရွယ် ကလေးက မိခင်ကို လှုပ်နိုးခဲ့ပေမယ့် မိခင်ဆီက ဘာတုံ့ပြန်မှုမှ မရတဲ့အတွက် မိခင်ကိုယ်ပေါ်လှဲချလိုက်ကာ နို့စို့နေပါတော့တယ်။မျက်မြင်တဦးဖြစ်သူ မိုနူဘယ်မီကီက “မီးရထားလမ်းဘေးမှာ အမျိုးသမီးတယောက် လဲကျနေလို့ ရဲကို အကြောင်းကြားလိုက်တယ်။ ကျနော်တို့ အနီးကပ်သွားကြည့်တော့ အဲ့ဒီမိန်းမဘေးမှာ ကလေးတယောက် ငိုပြီး အမေနို့ဆို့နေတာ တွေ့ရတယ်” လို့ ဆိုပါတယ်။နှာခေါင်းနဲ့ နားရွက်တွေက သွေးထွက်နေတဲ့ သေဆုံးသူ အမျိုးသမီးအလောင်းကို ခွဲစိတ်စစ်ဆေးဖို့ ဆေးရုံပို့ဆောင်ထားပြီး ကလေးကိုတော့အထွေထွေကျန်းမာရေးစစ်ဆေးဖို့ ခရိုင်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါတယ်။



Follow us on