1. Home
  2. Good Morning Myanmar

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရုရှားစွက်ဖက်ခဲ့ဟု CIA အရာရှိဟောင်း ထွက်ဆို

Good Morning Myanmar พ.ค. 26, 2560 view 1,426

ပြီးခဲ့တဲ့နှစ်တုန်းကပြုလုပ်ခဲ့တဲ့ အမေရိကန်သမ်္မတရွေးကောက်ပွဲမှာ ရုရှားနိုင်ငံဟာ ပြောင်ပြောင် တင်းတင်းဝင်ရောက်စွက်ဖက်ခဲ့တယ်လို့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ (CIA)ညွှန်ကြားရေးမှူး ဟောင်းက အင်္ဂါနေ့မှာ ထွက်ဆိုလိုက်ပါတယ်။ရွေးကောက်ပွဲအတွင်း မဲအတိမ်းအစောင်းဖြစ်အောင် မော်စကိုဘက်က ကြားဝင်ခဲ့တယ်လို့ ဃှုဗ ညွှန်ကြားရေးမှူးဟောင်း ဂျွန်ဘရန်နန်က အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီကြားနာမှုအတွင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒါ့ပြင် နှစ်နိုင်ငံဆက်ဆံရေးထိခိုက်စေမယ့် ကြားဝင်စွက်ဖက်မှုမျိုးမလုပ်ဖို့ ရုရှားလုံခြုံရေးအဖွဲ့(FSB) အကြီးအကဲကို သတိပေးခဲ့တယ်လို့လည်း မစ်္စတာ ဘရန်နန် က ပြောပါတယ်။ဒီအကြောင်းကို သမ်္မတ အိုဘားမားနဲ့အခြားအမေရိကန်ထိပ်ပိုင်းအရာရှိတွေကို တင်ပြခဲ့ သလို ပြီးခဲ့တဲ့ သြဂုတ်လနဲ့စက်တင်ဘာလအတွင်းမှာ အမေရိကန် ကွန်ဂရက်စ်လွှတ်တော်ရဲ့ ရီပတ်ပလင်ကန်နဲ့ဒီမိုကရက်တစ်ခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေးခဲ့တယ်လို့ မစ်္စတာ ဘရန်နန်က ပြောပါတယ်။

မော်စကိုဟာ အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ရီပတ်ပလင်ကန် ပါတီသမ်္မတလောင်း ဒေါ်နယ်ထရမ့် မဲအသာရစေဖို့ ဒီမိုကရက်တစ်ပါတီ အကြီးပိုင်း ပုဂ်္ဂိုလ်တွေရဲ့ အီးမေးလ်တွေကို ဖောက်ထွင်းပြီး ပေါက်ကြားစေခဲ့တယ်လို့ အမေရိကန်ထောက်လှမ်းရေး အေဂျင်စီ တွေက ယူဆခဲ့ကြပါတယ်။FSBနဲ့ ကွန်ဂရက်စ်စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်ကို စုံစမ်းမှုလုပ်နေတာဖြစ်ပြီး လက်ရှိမှာ အမေရိကန်သမ်္မတ တာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့ သမ်္မတထရမ့်နဲ့မော်စကိုတို့ကတော့ စွပ်စွဲချက်ကို ငြင်းဆိုထား ပါတယ်။



Follow us on