1. Home
  2. Movie Stars - Celebrity

ရဲတိုက်ကိုမျှော်နေကြသူတွေ စိတ်မကောင်းဖြစ်

Movie Stars - Celebrity พ.ค. 26, 2560 view 1,524

မကြာသေးခင်က နိုင်ငံသားအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့အထဲမှာ ပရိသတ်တွေစောင့်မျှော်နေကြတဲ့ မင်းသားရဲတိုက်တစ်ယောက် ပါမလာတာကြောင့် အနုပညာနယ်ပယ်မှ မိတ်ဆွေတချို့ကလည်း စိတ်မကောင်း ဖြစ်နေကြပါတယ်။

ဆာတိုရီထုတ်လုပ်ရေးမှ ဒါရိုက်တာ ရီဇော်က “ပြောရရင် မူးယစ်မှုနဲ့ ကျသွားတာ ပြည့်သွားလို့ ကျော်တောင်ကျော်နေပြီ။ အခုထပ်ခံနေရတာက ဘာသာသာသနာညှိုးနွမ်းစေမှုနဲ့။ အဲဒါကို ဘုရားကျောင်းကလည်း ကျေအေးထားပြီးသား။ ကျေအေးထားတဲ့စာကိုလည်း သမ္မတဆီတင်ပြပြီးသား။ အရင်အစိုးရလက်ထက်တုန်းက အထက်အမိန့်နဲ့ ချထားတာမျိုးပါ။ တကယ်တမ်း သက်ညှာထောက်ထားတဲ့စိတ် ရှိတယ်ဆိုရင် ထည့်သွင်းစဉ်းစားပေးရမှာပေါ့။ နိုင်ငံရေးအကျဥ်းသားတွေကိုပဲ ကွက်လွှတ်ပေးတဲ့ကာလတုန်းက နားလည်ပေးနိုင်တယ်။ အခုကကျတော့ နိုင်ငံရေးအကျဉ်း သားတင်မဟုတ်ဘဲ နိုင်ငံသားအ ကျဉ်းသားတွေကိုပါ လွှတ်ပေး တဲ့အချိန်မှာ ထောက်ထားငဲ့ညှာ လိုတဲ့ဆန္ဒမရှိလို့ လွှတ်မပေးတာ လို့လည်းထင်တယ်။ စိတ်မ ကောင်းဖြစ်ရတာပေါ့’’ လို့ 7Day Daily သတင်းမှာပြောထားပါတယ်။

လွတ်မြောက်လာတဲ့ စာရင်းမှာ မပါပေမယ့်လည်း မင်းသားရဲတိုက်လွတ်မယ့် ရက်က နီးနေပြီလို့ သိရပါတယ်။

“လွတ်လာမလားဆိုပြီး မျှော်နေကြတာ။ မလွတ်လာတဲ့အတွက် စိတ်တော်တော်ညစ်သွားတယ်။ ရာသီဥတုက အရမ်းပူတယ်လေ။ သူအပူဒဏ်ကို အရမ်းခံစားနေရတယ်။ အဲဒီအတွက် မြန်မြန်လွတ်စေချင်တာပေါ့ သမီးရယ်။ မလွတ်တော့ စိတ်ဆင်းရဲရတာပေါ့။ နိုင်ငံသား ၁၈၆ ယောက်ကြီးတောင် လွှတ်ပေးတာ သူ့လည်း ထည့်စဉ်းစားသင့်တာပေါ့။ စိုးရိမ်စရာကောင်းတဲ့ အခြေအနေတွေလည်း ရှိနေတဲ့အတွက် စိုးရိမ်နေရတယ်” လို့ ဒါရိုက်တာရီဇော်က ပြောပါတယ်။

သရုပ်ဆောင် အဆိုတော် မေကလည်း အမ်တီဗီအခွေမှာ ရဲတိုက်နဲ့ ရိုက်ချင်လို့ မျှော်နေပေမယ့် ဒီတစ်ခေါက် လွတ်ငြိမ်းမှာ မပါလာတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်လို့ 7Day Daily မှာ ပြောထားပါတယ်။

Credit : 7Day Daily



Follow us on