1. Home
  2. Special or Others

သုဿန်သို့ သွားရသော လမ်းမရှိ၍ လုံခြုံရေးအပြည့်နဲ့ ပို့ဆောင်ခဲ့တဲ့ အသုဘ

Special or Others พ.ค. 26, 2560 view 1,757

သုဿန်သို့ သွားရသော လမ်းမရှိဟုဆိုကာ မလိုလားအပ်တဲ့ ပြသနာတွေ၊လူစုလူဝေးမဖြစ်ပေါ်ေ စရန်အတွက် ငွေဆောင်တွင်ကွယ်လွန်ခဲ့သူ ဦးတိုးအလောင်းကို လုံခြုံရေးအစောင့်အရှောက်နဲ့ ယနေ့တွင် သုဿန်သို့ ပို့ဆောင်နိုင်ခဲ့ကြောင်း မြတ်​ဒါန လူမှုကူညီ​ရေးအသင်း မှတစ်ဆင့်သိရှိရသည်။ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့
အမှတ် ၂ ရပ်ကွက်တွင် အသုဘချရန် လမ်းမရှိ၍ အဆိုပါရပ်ကွက်မှ သေဆုံးသူ ဦးတိုး (၆၇ နှစ်) ၏ရုပ်အလောင်းအား ငါးရက်ကြာသည်အထိ မြေချလို့မရသည့်အခက်အခဲ ကြုံတွေ့နေခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ ပို့ဆောင်မှုတွင် မြတ်​ဒါန လူမှုကူညီ​ရေးအသင်းနဲ့အတူမြို့နယ်​ရဲတပ်​ဖွဲ့ဝင်​အင်​အားများမြို့နယ်​မီးသတ်​တပ်​ဖွဲ့များ
မြို့စည်​ပင်​သာယာ​ရေးအဖွဲ့များ၊ဌာနဆိုင်​ရာမှလူကြီးများ၊မြို့အုပ်​ချုပ်​​ရေးအဖွဲ့များ၊မရမ်းကုန်း သီလရက္ခိတ ပရဟိတလူငယ်​များ၊​ဒေသခံပြည်​သူများ က ၀ိုင်းဝန်းပူး​ပေါင်းအင်​အားဖြင့်​ ပို့ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။

"ငါးရက်ပေါ့နော်။ မသဂြိုင်္လ်ရတာ ရပ်ဓလေ့ရွာဓလေ့အရ
အစုန်လမ်းရယ် အဆန်လမ်းရယ်မှာ တဖက်ကလည်း ဘိုးဘွားပိုင်မြေဆိုပြီး လမ်းပိတ်ထားပြီးတော့ အမှု့အခင်းလည်းဖြစ်နေတဲ့အတွက် ထွက်လို့မရဘူးပေါ့။
တောင်ဘက်လမ်းက အဆန်လမ်းဖြစ်နေပြီး
ရပ်ဓလေ့ရွာဓလေ့အရ ထွက်မရဘူး။ အခုလိုမြေမချရသေးဘူးဖြစ်နေတယ်။
၇ ရက်ကြာလို့မှ မသဂြိုင်္လ်ရဘူးဆိုရင် အလောင်းကို သက်ဆိုင်ရာကိုအပ်မယ်

"လို့ကွယ်လွန်သူ ဦးတိုး၏သားဖြစ်သူကိုငြိမ်းကျော်မှလွန်ခဲ့တဲ့ ရက်အနည်းငယ်ကပြောကြားခဲ့ပါတယ်။
သေဆုံးသူ၏ အသုဘသည် (၇)ရက်​​မြောက်​​တိုင်ခဲ့ပြီး ၇ရက်မြောက်နေ့မှာ ချနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

 

Source: မြတ်ဒါန လူမှုကူညီရေးအသင်း ငွေဆောင်ကမ်းခြေ



Follow us on