1. Home
  2. Good Morning Myanmar

လင့်ကော်ဖီဆိုင်တိုက်ခိုက်ခံရမှုတွင် သြစတေးလျရဲတပ်ဖွဲ့၏တုံ့ပြန်မှု နှောင့်နှေးခဲ့

Good Morning Myanmar พ.ค. 26, 2560 view 1,406

၂၀၁၄ ခုနှစ်မှာဖြစ်ပွားခဲ့ပြီး လူ(၃)ဦးသေဆုံးခဲ့တဲ့ ဆစ်ဒနီမြို့က လင့်ကော်ဖီဆိုင် တိုက်ခိုက်ခံရ မှုမှာ သြစတေးလျရဲတပ်ဖွဲ့ဟာ လျင်လျင်မြန်မြန်တုံ့ပြန်ဖို့ နှောင့်နှေးခဲ့တယ်လို့ သြစတေးလျသေမှု သေခင်းအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။ရဲတပ်ဖွဲ့ဟာ ကော်ဖီဆိုင်အတွင်းကို ၀င်ရောက် စီးနင်းတာ မလုပ်ခင်အထိ သေနတ်သမား မာရွန်မွန်နစ်ဟာ ကော်ဖီဆိုင်အတွင်းမှာ ဓားစာခံ(၁၈)ဦး ကို(၁၆)နာရီကြာ ဖမ်းထားခဲ့တာဖြစ်ပါတယ်။ နယူးဆောက်ဝေးလ်ပြည်နယ် သေမှုသေခင်းအရာရှိ “မိုက်ကယ်ဘားစ်”ကတော့ အာဏာပိုင်တွေဟာဆိုင်ထဲဝင်ဖို့ နောက်ကျခဲ့တာကြောင့် ဓားစာခံတစ်ဦး အသက်ဆုံးရှုံးခဲ့တာ အပါအ၀င် အမှားကြီးတွေဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။

သေနတ်သမားဟာ ပထမဆုံးပစ်ခတ်မှု မလုပ်ခင်နဲ့ ရဲတပ်ဖွဲ့က ဆိုင်ထဲကိုဝင်စီးနင်းတာမလုပ်ခင် (၁၀)မိနစ်အတွင်း ကော်ဖီဆိုင်မန်နေဂျာ တိုရီဂျွန်ဆင်သေဆုံးခဲ့တယ်လို့ မစ္စတာဘားစ် က ပြောပါတယ်။ဝတ်စုံပြည့်ဝတ်ထားတဲ့ ရဲအရာရှိတွေ ဟာ သေနတ်သမားမွန်နစ်ကို အသေပစ်ခတ်ဖမ်းဆီးခဲ့ပေမဲ့ ရဲတွေက ပစ်ခတ်တဲ့ ကျည်ချော်မှု တွေအတွင်း ဒုတိယဓားစာခံဖြစ်သူ ရှေ့နေ“ကတ်ထရီနာ ဒေါ်ဆင်”သေဆုံးခဲ့တာဖြစ်ပါတယ်။

နယူးဆောက်ဝေးစ် ပြည်နယ်ရဲမင်းကြီး ”မစ် ဖူလာ”ကတော့ ရဲတပ်ဖွဲ့ဟာ ဆိုင်အတွင်း စီးနင်းဝင်ရောက်တာကို စောစောပြုလုပ်ခဲ့သင့်တယ်ဆိုတာကို သေမှုသေခင်းအရာရှိရဲ့ တွေ့ရှိချက် မထုတ်ပြန်ခင်မေးမြန်းမှုတစ်ခုမှာ ၀န်ခံထားပါတယ်။သေမှုသေခင်းအရာရှိကတော့ သေနတ်သမားဟာ ဒီဖြစ်ရပ်မှာ တစ်ဦးတည်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ယူဆထားပါတယ်။



Follow us on