1. Home
  2. Good Morning Myanmar

ကုန်စည်စီးဆင်းမှုမှာ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် တွေလျော့ကျအောင် ဆောင်ရွက် နေတယ်ဆိုတဲ့

Good Morning Myanmar พ.ค. 26, 2560 view 1,403

ကုန်စည်စီးဆင်းမှုမှာ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေ လျော့ကျအောင် ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်မှာ မေလ(၂၀)ရက်ကကျင်းပခဲ့တဲ့ ဒုတိယသမ်္မတ(၁) နှင့်မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (ဆဋ္ဌမအကြိမ်)အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ ပြည်တွင်းမှာ ကုန်စည်စီးဆင်းမှု သယ်ယူပို့ဆောင်ရေးစရိတ်က အခြားနိုင်ငံ တွေထက်မြင့်နေတာကြောင့် နိုင်ငံစီးပွားရေးတိုးတက်မှုကို အတားအဆီးဖြစ်နိုင်လို့ ကုန်စည်စီးဆင်းမှု စရိတ်သက်သာအောင် တိုင်းဒေသကြီးအစိုးရဘက်ကနေ ပြင်ဆင်မှုတွေလုပ်နေတယ်လို့သိရပါတယ်။

လက်ရှိမှာ ကုန်စည်စီးဆင်းမှုတွေမှာ သယ်ယူပို့ဆောင်ရေးစရိတ်လျော့ချဖို့အတွက် ဧပြီလ ၁ ရက်ကစပြီး ရန်ကုန်တိုင်းအတွင်း တံတားကြီးကိုးစင်းကို ဖြတ်သန်းခကောက်ယူမှု ဖြုတ်သိမ်းခဲ့တာ လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်ဆိပ်ကမ်းတွေမှာ သင်္ဘောအသေးတွေဘဲကပ်နိုင်တဲ့အတွက် ကုန်စည်စီးဆင်းမှုမှာ အခက်အခဲတွေရှိနေတယ်လို့သိရပါတယ်။ဒါကြောင့် ရန်ကုန်မြစ်ကြောင်းကို ထိန်းသိမ်းတာတွေလုပ်ဖို့လည်း ပြင်ဆင်နေတယ်လို့သိရပါတယ်။

ကုန်စည်စီးဆင်းမှုမှာ သယ်ယူပို့ဆောင်ရေးဟာအဓိကကျတာကြောင့် စက်သုံးဆီ ဈေးနှုန်းလျော့ကျရေးနဲ့ပတ်သက်ပြီးလည်း ဆောင်ရွက်နေကာ ဓာတ်ဆီ၊ဒီဇယ်ဆီ၊လောင်စာဆီတွေကို ရေစူးနက်တဲ့ ဆိပ်ကမ်းတွေကနေ ကုန်တန်ချိန်များတဲ့ သင်္ဘောကြီးတွေနဲ့သယ်ယူနိုင်အောင် ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ရူပါခိုင်က ပေးပို့ထားတာပါ။



Follow us on