1. Home
  2. Myanmar News

ဒီနေ့ညနေ ကမ်းကိုဖြတ်မယ့် မုန်တိုင်း သတိပေးချက်

Myanmar News พ.ค. 29, 2560 view 1,477

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်း TC 02B ဟာ ဒီနေ့ညနေပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ဘက်ကမ်းခြေ ကော့ဗဇားမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

ကမ်းခြေကို မဖြတ်ခင် အားအကောင်းဆုံးဖြစ်လာနိုင်ပြီး အများဆုံးလေတိုက်နှုန်းမှာ တစ်နာရီ ၇၅ မိုင်ခန့်အထိ ရှိလာနိုင်ပြီး မုန်တိုင်းဗဟိုချက်ဖြတ်သန်းရာ နေရာဟာ ရခိုင်ပြည်နယ် ၊ မောင်တောမြို့နဲ့ နီးကယ်တဲ့နေရာ ဖြစ်နေပြီး ရခိုင်ကမ်းရိုးတန်းတလျှောက် မုန်တိုင်းစက်ကွင်းအတွင်း ကျရောက်နိုင်ပါတယ်။

ဒါကြောင့် ၂၉ ရက် ညနေပိုင်းမှ သန်းကောင်ယံအချိန်အထိ ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ဒေသတွေမှာ ကြုံတွေ့လာနိုင်တဲ့ ရာသီဥတုအခြေအနေကို မိုးလေ၀သနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က အခုလိုခန့်မှန်းပေးထားပါတယ်။

အများဆုံးလေတိုက်နှုန်း - တစ်နာရီ မိုင် ၄၅ - ၅၅ မိုင်နှုန်း

အမြင့်ဆုံးပင်လယ်ရေလှိုင်း (ကမ်းလွန်ဒေသ) - ၁၅ ပေမှ ပေ ၂၀ ခန့်

မုန်တိုင်းဒီရေလှိုင်း - ၆ လက်မမှ ၁ ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းပေးထားပါတယ်။

လူသားများအားလုံး အန္တရာယ်ကင်းကြပါစေလို့ ဒေါက်တာထွန်းလွင်က ဆုတောင်းပေးထားပါတယ်။

Credit : ဒေါက်တာထွန်းလွင်ဖေ့စ်ဘွတ်



Follow us on