1. Home
  2. Myanmar News

ခြိမ်းခြောက်ငွေတောင်းခဲ့သည့် ရဲတပ်ကြပ် (၂)ဦးနှင့် သတင်းပေးသူအားဖမ်းဆီး

Myanmar News พ.ค. 29, 2560 view 1,557

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လယ်ဘူးမြို့နယ်တွင် သစ်တောရဲအဖြစ် တာဝန်ကျနေသော ရဲတပ်ကြပ်ကြီး ၂ဦး နှင့် သတင်းပေးသူတစ်ဦးက ခြိမ်းခြောက်ကာ ငွေ ၁၇ သိန်းတောင်းယူမှုနှင့် မေလ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မေလ ၂၆ ရက်နေ့ ည ၈ နာရီ ၃၀ အချိန်ခန့်တွင် ပင်လယ်ဘူးမြို့နယ် မြောက်ဖက် မိုင် ၂၀ ခန့်အကွာရှိ ဖက်သင်တာကျေးရွာနေ မစန်းဆိုသူ၏ နေအိမ်သို့ ရဲတပ်ဖွဲ့ဝင် ၂ဦးနှင့် သတင်းပေးဆိုသူတို့ ရောက်ရှိလာကာ မူးယစ်ဆေးဝါး ရောင်ချနေသည်ဟု စွပ်စွဲပြီး ခြိမ်းခြောက်ကာ လာဘ်ငွေ ၁၇ သိမ်းကျပ် တောင်းယူခဲ့သည်။

အဆိုပါကိစ္စနှင့် ပက်သက်၍ အိမ်ရှင်ဖြစ်သူ မစန်းက ကျေနပ်မှုမရှိသဖြင့် တိုင်းကြားခဲ့သည်။ ရဲအဖွဲ့က လိုက်လံစုံစမ်းရှာဖွေခဲ့ရာ တောပုန်း ကျေးရွာတွင် ရဲဝတ်စုံများ ဝတ်ဆင်ပြီး
သေနတ်များ ကိုင်ဆောင်ထားသော ရဲတပ်ကြပ်ကြီး အောင်ထွန်းဦး၊ ရဲတပ်ကြပ် ဇော်ဝင်းနဲ့
သတင်းပေး မောင်မျိုးတို့ ၃ ဦးကို တွေ့ရှိခဲ့ပြီး အဖွဲ့ခေါင်းဆောင် အောင်ထွန်းဦး လွယ်ထားသော အိတ်အတွင်းမှ သက်သေခံငွေ (၁၄) သိန်း ကိုးသောင်းကျပ်ကို စစ်ဆေးတွေ့ရှိခဲ့သည်။


ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ခြိမ်းခြောက် ငွေတောင်းယူခဲ့သည့် သစ်တောရဲ တပ်ဖွဲ့ဝင် ၂ ဦး နဲ့ သတင်းပေး ပါဝင်ကူညီခဲ့သူတို့ ၃ ဦးကို မေလ ၂၇ ရက် မနက်ပိုင်း အချိန်က မယ(ပ) ၃၆/ ၁၇ ၊ မူး / စိတ်ပုဒ်မ -၁၈ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ကသာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

Source: သီဟဆွေ(ကသာ)



Follow us on