1. Home
  2. Movie Stars - Celebrity

ချစ်သူနဲ့ ပြတ်ပြီလို့ တရားဝင်ကြေညာလိုက်တဲ့ သင်ဇာဝင့်ကျော်

Movie Stars - Celebrity พ.ค. 29, 2560 view 2,016

သင်ဇာဝင့်ကျော်က သူ့ချစ်သူနဲ့ ပြတ်စဲလိုက်ပြီဆိုတဲ့အကြောင်းကို ကြားဝင်ဖြေရှင်းနေသူတွေသိအောင် လူမှုကွန်ရက်စာမျက်နှာကနေ တရားဝင်ကြေညာပေးလိုက်တာဖြစ်ပါတယ်။

“တချို့ကမပြတ်ကြသေးဘူးထင်ပြီး ကြားထဲဝင်ချင်တဲ့သူတွေ ရှိတယ်။ ကြားထဲဝင်တယ်ဆိုတာက သင်ဇာဝင့်ကျော်ကို အပြင်မှာ တစ်ယောက်နဲ့ တွေ့လိုက်တယ်တို့ ဘာတို့။ ကိုယ်က သူငယ်ချင်းတွေနဲ့ သွားတာလည်း ဖြစ်ရင်ဖြစ်မယ်။ အဲဒါကို ပြတ်တယ်ဆိုတာ မသိဘဲ ကြားသင်ဖြေရှင်းပေးချင်တဲ့သူတွေရှိလို့ သူတို့လည်း သိသွားအောင် Officially ကြေညာလိုက်တာပါ” လို့ သင်ဇာဝင့်ကျော်က 7Day Daily မှာ ဖြေဆိုထားပါတယ်။

ချစ်သူနဲ့ ပြတ်သွားတာ နှစ်ပတ်ခန့်ရှိပြီဖြစ်တဲ့ သင်ဇာဝင့်ကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မေလ ၂၇ ရက်နေ့က ဖော်ပြခဲ့တာပါ။

Single ဘ၀လေးက ပိုငြိမ်းချမ်းတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်က မြင့်မြတ် ၊ ကျော်ကျော်ဗို တို့နဲ့ ရုပ်ရှင်တစ်ကား ရိုက်ကူးရန် အစီအစဉ်ရှိကြောင်း ပြောပါတယ်။

Source  : 7Day Daily / သင်ဇာဝင့်ကျော် ဖေ့စ်ဘွတ်



Follow us on