1. Home
  2. Movie Stars - Celebrity

လက်ရှိခံစားနေရတဲ့ဖီလင်က နောက်အခွေမှာ ပါမယ်ဆိုတဲ့ အိုင်ရင်း

Movie Stars - Celebrity พ.ค. 29, 2560 view 1,630

အဆိုတော်အိုင်ရင်းဇင်မာမြင့်က ဇွန်လ (၁) ရက်နေ့မှာ ဖြန့်မယ့် “ချစ်လို့” အမ်တီဗီအခွေထဲက သီချင်းတွေက ရိုက်ထားတာကြာပြီဖြစ်ပြီး ဒီထဲကသီချင်းတွေက အိုင်ရင်းရဲ့ လက်ရှိခံစားချက်မဟုတ်ဘူးလို့ ပြောပါတယ်။

အိုင်ရင်းက ဒီအခွေထဲကသီချင်းတစ်ပုဒ်လောက်ကို တင်လိုက်ရင် တစ်ခုခုကို ရည်ရွယ်တယ်လို့ထင်နေကြလို့ ဒီအခွေက ရိုက်ထားတာကြာပြီဖြစ်ပြီး ဘယ်သူ့ကိုမှ ဘာကိုမှ ရည်ရွယ်ပြီး ရိုက်ထားတာ မရှိဘူးလို့ပြောပါတယ်။

အိုင်ရင်းဇင်မာမြင့်က ချစ်လို့ သီချင်းတွေဟာ လွန်ခဲ့တဲ့ နှစ်နှစ်က ခံစားချက်တွေဖြစ်ပြီး လက်ရှိခံစားချက်တွေကတော့ နောက်အခွေထွက်တဲ့အချိန်မှာ ပါမယ်ထင်တယ်လို့ ပြောပါတယ်။ အိုင်ရင်းဇင်မာမြင့်ရဲ့ နောက်ထပ်ထွက်မယ့် တေးစီးရီးမှာတော့ အသည်းခွဲသီချင်းတွေထက် လွတ်မြောက်သွားတဲ့ သီချင်းတွေ ပိုများမယ်လို့လည်း ဆိုပါတယ်။

တစ်နှစ်၊ နှစ်နှစ်လောက်တော့ တစ်ယောက်တည်းနေဖြစ်မယ်ဆိုတဲ့ အိုင်ရင်းက နောက်ထပ်အချစ် ရှာတွေ့ရင်လည်း ဘယ်လိုပုံစံမျိုး ဘယ်လိုလူမျိုးဖြစ်မယ်ဆိုတာကို မပြောနိုင်သေးသလို ကိုယ်ရွေးခဲ့တဲ့အရာက မှားခဲ့ပြီးပြီဆိုတော့ ဘယ်လိုဖြစ်ရမယ်ဆိုတာမရှိဘဲ နောက်ထပ်မမှားချင်တော့ဘူးလို့ Democracy Today သတင်းမှာ ဖော်ပြထားပါတယ်။

Source : Democracy Today Daily News


 



Follow us on