ဒါရိုက်တာ ၀ိုင်းက လူမင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင့် မေလ ၂၆ ရက်နေ့က ဝေဖန်မှုတစ်ခုလုပ်ခဲ့ပါတယ်။ ၀ိုင်းက လူမင်းကို ဆင်ဆာနဲ့ ပတ်သတ်ပြီး ဝေဖန်ခဲ့တာပါ။
“ဆင်ဆာဖျက်သိမ်းဖို့ ဦးစီးလုပ်ဆောင်နေတဲ့ ရုပ်ရှင်လောကရဲ့ အကြီးအကဲကိုယ်တိုင်က ရိုက်ကူးခွင့်မပြုသေးတဲ့ ဇာတ်လမ်းတစ်ခုကို ပိုက်ဆံဆိုတဲ့ မျက်နှာတခုတည်းကြည့်ပြီး ကားရိုက်နေခဲ့ပြီးမှ ပြန်ကြားရေှး တာဝန်ရှိသူများကို ဖုန်းဆက်ပြီး ဆင်ဆာကအရင်အတိုင်းပဲ ဘာမှမပြောင်းလဲသေးဘူးဟု အပြစ်တင်သံ ကြားသောအခါ သင်ဘယ်လိုခံစားရမလဲ ပြောကြည့်ပါလား…အော် တစ်ကွက်မှ ဆင်ဆာမဖြတ်တာ ဆယ်ကားရှိသွားပါပြီ သူဘာလို့ဖုန်းဆက်ရတာလဲ ပြောကြည့်ပါလား” လို့ ဒါရိုက်တာဝိုင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင့် ဝေဖန်ထားတာဖြစ်ပါတယ်။
ဝိုင်းရဲ့ဝေဖန်မှုကိုတော့ လူမင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြန်လည်ဝေမျှပြီး အခုလို ပြန်လည်ဖြေရှင်းထားပါတယ်။
ဝိုင်းကလည်း လူမင်းရဲ့ ဖြေရှင်းချက်ကို အခုလို ပြန်လည် ဖြေရှင်းထားပါတယ်။
အနုပညာလောက တိုးတက်ဖို့အတွက် ကြိုးစားနေကြသူအချင်းချင်း စေတနာဒေါသောတွေ ပါကုန်ကြပုံရပါတယ် ... အဆင်ပြေပြေနဲ့ အနုပညာခရီးကို အတူတကွ လှမ်းနိုင်ကြပါစေ...