1. Home
  2. Myanmar News

မန္တလေးလေဆိပ် မျက်နှာကျက်ပြိုကျမှု ထပ်မံဖြစ်ပွား

Myanmar News พ.ค. 29, 2560 view 1,610

တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာ လေ ဆိပ်တွင် မေလ ၂၇ ရက်က ပြည် တွင်းဆိုက်ရောက်ထွက်ပေါက်အ နီးရှိ မျက်နှာကြက်အပြား ပြုတ် ကျကာ ခရီးသည်များ ထိခိုက်မှု မရှိခဲ့ကြောင်း သတင်းရရှိသည်။

‘‘အဲဒါ မနေ့က Arrival မှာ ဖြစ်တာ။ ဖြစ်စဉ်ကတော့မှန် တယ်။ အတွင်း Arrival က မျက် နှာကြက်ပြုတ်ကျတာ၊  အတိအကျ သတင်းနဲ့ဘာကြောင့်ဖြစ်တယ်ဆို တာကတော့ လေဆိပ် စီမံခန့်ခွဲမှု ကို တာဝန်ယူဆောင်ရွက်တဲ့ ကုမ္ပဏီကပဲ ဖြေပေးပါလိမ့် မယ်’’ဟု မန္တလေးအပြည်ပြည်ဆိုင် ရာလေဆိပ်မှ တာဝန်ခံအရာရှိ ဦးမြင့်ဌေးက ပြောသည်။

 


မန္တလေးအပြည်ပြည်ဆိုင် ရာလေဆိပ်တွင် ပြီးခဲ့သည့် မေလ ၁၃ ရက်ကလည်း ခရီးသည်ထွက် ခွာဆောင်အပြင်ဘက် မျက်နှာ ကြက်ပြိုကျမှုဖြစ်ပွားပြီး ဗြိတိန် နိုင်ငံသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။ ယခုတစ်ကြိမ်သည် မေလအတွင်း ဒုတိယအကြိမ် မျက်နှာကြက်ပြိုကျခဲ့သည်။


‘‘မျက်နှာကြက်ပြုတ်ကျ တယ်ဆိုပြီး ဖေ့စ်ဘွတ်ခ်မှာ တက် လာတာတော့ တွေ့လိုက်တယ်။ ရုံးပိတ်ရက်ဖြစ်တဲ့အတွက် ဖြစ် စဉ်အသေးစိတ်ကိုတော့ မသိရ သေးပါဘူး။ အဲဒီဘက်ခြမ်းက မျက်နှာကြက်သားတွေက အပျော့ သားနဲ့လုပ်ထားတယ်လို့ သိရ တယ်’’ဟု မန္တလေးလေဆိပ် စီမံ ခန့်ခွဲရေးဝန်ဆောင်မှု ဆောင်ရွက် နေသည့် MC JALUX Airport Services အုပ်ချုပ်ရေး ဌာနမှူး ဦးကျော်ဆန်းက ပြောသည်။


မေလ ၂၇ ရက် နေ့လယ် ၁၂နာရီခန့်တွင် ရေလမ်းကြောင်းပြင် သည့် ကုမ္ပဏီက ပြုပြင်ရေးဝင် ချိန်၌  ရေဖွင့်သည့်ခလုတ်နှင့် ပိတ်သည့်ခလုတ် မှားပြီး ဖွင့်ခဲ့၍ မျက်နှာကြက်မှာ ရေစိမ့်ကျမှု ကနဦးဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါမျက်နှာကြက်သည် ကြိတ်သားကဲ့သို့ ခပ်ပွပွအသားဖြင့် ပြုလုပ်ထားသဖြင့် ရေစိမ့် ကာ အောက်သို့အိကျလာခဲ့ကြောင်း လေကြောင်းရဲတပ်ဖွဲ့မှ တာန်ကျရဲတပ်သား တစ်ဦးကပြောသည်။

Ctedit: 7DayDaily
 



Follow us on